နောက်နေ့မှ စ၍ သူမဟာ မေတို့အတန်းကို ပြောင်း၍လာထိုင်လာခဲ့တယ်။
အရင်က မေက အတွင်းဘက်အစွန်းမှာ ထိုင်ပြီး အလယ်မှာ နေနေ ထိုင်ပေမယ့်အခုတော့ နေနေက အလယ် တတိယနေရာကို ရောက်ကာ သူမက ဒုတိယအလယ်နေရာကို ရောက်လာပြီး မေကတော့ အရင်ကအတိုင်း နံရံ အစွန်ဘက်မှာပင်။နေ့စဉ်နေ့တိုင်း သူငယ်ချင်း တွေအချင်းချင်း စကားပြော မုန့်စားနဲ့ပဲ အချိန်တွေ တရွေ့ရွေ့နဲ့ ကုန်ဆုံးလာခဲ့သည်။နောက်ဆုံးနှစ်ကုန် စာမေးပွဲမတိုင်ခင် တပတ်ခန့်အလို...
စာသင်ခန်းထဲတွင်
"မေ."
"......"
"မေ လို့ ခေါ်နေတာပြန်မထူးဘူး"
"အင်း နားထောင်နေတယ် ဟန် ပြောမယ့်ဟာပြော မအားသေးဘူး"
"အင်း ပြောမယ် နားထောင်နော်၊နောက်လာမယ့် 3လပိုင်း 21နေ့ကျရင် ငါ့မွေးနေ့ အဲ့တာပြောမလို့ အဲ့တာ ငါ့မွေးနေ့ကျရင် နင့်ကိုဖိတ်မလို့ နင့်ဖုန်းနံပါတ်ပေး"
"ငါ့မှာ ဖုန်းနံပါတ်မရှိဘူး"
မေတို့ညီမ နှစ်ယောက်မှာ ဖုန်းမရှိတာမဆန်းပေ။မေတို့ညီမနဲ့ မေရဲ့သူငယ်ချင်း နေနေတို့တွင် ကိုယ်ပိုင်ဖုန်းများမရှိကြပေ။အသွန်းမှာတော့ ရှိသည်။မေနဲ့နေနေတို့အိမ်တွေက မဝယ်နိုင်လို့ မတတ်နိုင်ကြလို့မဟုတ် တမင် စာသင်တဲ့အရွယ်မှာ ကျောင်းနေစဉ် ဖုန်းမကိုင်ရဘူး စာသာကြိုးစားရမယ်ဆိုတဲ့ အမိန့်ဖြင့် ဖုန်းမဝယ်ပေးကြပါ။မေတို့ကလည်း စိတ်မဝင်စား၍ ဘာမှ မပြောဖြစ်ကြပေ။
"ဟင်.!အိမ်က ဖုန်းမဝယ်ပေးဘူးလား?"
"အင်း မကိုင်ခိုင်းဘူး၊10 တန်းအောင်ရင် ဝယ်ပေးမယ်ပြောတယ်"
"ဪ အင်းအင်း၊အာ့ဆို နင့်အိမ်လိပ်စာပြောလေ ငါအဲ့ဒီ့နေကျရင် လာခေါ်လိုက်မယ်"
"အင်း ****လမ်း ,အိမ်နံပါတ် ***အဲ့မှာနေတာ"
"အင်းအင်း ငါမှတ်ထားလိုက်ပြီ၊အဲ့နေ့ကျ ဆက်ဆက်လိုက်ခဲ့ရမယ်နော်"
"အင်း လိုက်ခဲ့ပါ့မယ်"
"အင်း ပြီးရော နင့်ကို အရင်ဖိတ်ပြီး ငါ့မွေးနေ့ကို အရင် ဦးဦးဖြားဖြားပြောပြတာ"
YOU ARE READING
SHE
Romance* နင်ပြန်လာတဲ့နေ့ကို ငါရေတွက်နေခဲ့တာ လက်ချိုးလို့တောင်မရတော့ဘူးဟာ၊ငါ နင်ပြန်လာမယ့်နေ့ကိုပဲ ဆုတောင်းနေခဲ့တယ် ၊ငါ့ ဆုတောင်းတွေကို ဘုရားရှင်က မကြည့်နိုင်တော့လို့ ဖြည့်ဆည်းပေးပေမယ့် ဘုရားရှင်က ငါ့ကို အပြည့်အဝ မဖြည့်ဆည်းပေးပဲ နင်ကို ဒီလို ပုံစံနဲ့ ငါ့ဆီက...