* 7 *

84 3 0
                                    

မနက်ခင်း မေ မနက်စာစားပြီး၍ အခန်းထဲ ပြန်ဝင်လာတဲ့ အထိ ‌မွန်က အိပ်နေဆဲပင်။

"မွန်..မွန်ရေ ..ညီမလေး ထတော့လေ မနက် 8 နာရီထိုးနေပြီ ထတော့"

"ဟင် ဘယ်နှနာရီ မမ"

"8 နာရီလေ "

"ဟာ မမ ကလည်း အစောကြီးရှိသေးတယ်၊ညီမလေးကို သနားပါအုန်း၊အရင်ရက်တွေကလည်း မမကြောင့်ပဲလေ စာတွေကိုအတင်းကျက်ခိုင်းပြီး မအိပ်ခိုင်းပဲနဲ့ အခုလည်းစာမေးပွဲပြီးသွားပြီကို မမကလည်း အိပ်အုန်းမယ်လေနော်"

"မေမွန်ရီ..!"

မေ အသံနည်းနည်းမာလိုက်တော့

"မမကလည်း....ထပြီ...ဟွန့်"

"ဒီလိုမှပေါ့ လိမ်မာတယ် ငါ့ညီမလေးက"

" တော်ပါ...အဲ့ဒါနဲ့ပဲ ကိုင်ကိုင်ပေါက်နေတာ"

လို့ပြောကာ ‌မွန်က ဆံပင်ကုတ်ဝဲ ဆုတ်ဖွားနဲ့ ထကာ ရေချိုးခန်းထဲသို့ဝင်သွားသည်။

မေ မှာဒီကလေးမကို ပြောလို့ဆိုလို့လည်းမရ အိမ်က ‌တယောက်တခန်းပေးထားပေမယ့် တစ်ယောက်ထဲ သရဲကြောက်တယ် မအိပ်ရဲဘူး ဆို၍ ညတိုင်း မေရဲ့ အခန်းထဲသို့ လာလာအိပ်သည်။ပထမတော့ အခန်းကို ပြန်အိပ်ခိုင်းပေမယ့် နောက်ပိုင်းတော့ မေလည်း မပြောဖြစ်တော့ပဲ သဘောအတိုင်းသာ နေခိုင်းလိုက်တော့သည်။

မေ ရေချိုးခန်း အပြင်ကနေ

"ရေချိုးခန်းမှာ ထပ်အိပ်မနေနဲ့နော်"

မွန်က အထဲကနေ

"ဟုတ်ကဲ့ သိပါတယ် မမကလည်း"

မေလည်း ပြုံးလိုက်ကာ စာရေးစာပွဲသွားပြီး စာအုပ်ထိုင်ဖတ်နေလိုက်သည်။
ခဏကြာတော့ မွန်က ရေချိုးခန်းထဲမှ ပြန်ထွက်လာပြီး

"မမ မပျင်းဘူးလားဟင်၊အဲ့ စာအုပ်တွေပဲဖတ်နေတာ "

"ဟင့်အင်း သူတို့က စိတ်ဝင်စားဖို့ကောင်းတယ်"

"ဒီလောက်ပျင်းဖို့ကောင်းတာကို...မမ...မမရေ"

"အင်း"

"အောက်ကို ပြန်လိုက်ခဲ့ပါအုန်းလား "

"ဘာလို့လဲ"

SHEWhere stories live. Discover now