'Yibo' ငါ...ငါကိုယ်ဝန်ရှိနေပြီ!
ထိုစကားကို ပြောလိုက်တဲ့ ကောင်လေးဟာတစ်ဖက်လူက တုန့်ပြန်လာမဲ့စကားကို စိုးရိမ်နေပုံပဲ။ သူ့ရဲ့မျက်ခမ်းစပ်လေးတွေလည်း ခပ်ရဲရဲလေးဖြစ်နေတာမို့ မျက်ရည်လည်ပြီး ငိုချင်နေသည်မှာသိသာစွာပင် ။ သူ့အရှေ့က လူငယ်လေးကို ကြည့်နေတဲ့မျက်လုံးတွေဟာလည်း ကူညီရာမဲ့နေသလို ....
စကားအဆုံး တစ်ဖက်ကနားထောင်နေတဲ့ လူငယ်လည်း အတော်ထိတ်လန့်သွားပြီး ကြောင်တောင်တောင်ပြန်ကြည့်နေတယ်။
ဘာစကားတစ်ခွန်းမျှ ပြန်မပြောပဲတိတ်ဆိတ်နေတဲ့ ထိုမျက်ဝန်းတွေကို စပြောတဲ့ကောင်လေးက မယုံကြည်နိုင်သလို ကြည့်ရင်း မျက်ရည်လည်နေရှာသည်။''Yibo ငါပြောတာကြားလား..... ငါကိုယ်ဝန်ရှိနေပြီလို့''
Xiao Zhan ထပ်ပြီး အော်ပြောလိုက်တယ်။ သူမငိုချင်ပေမဲ့မျက်ရည်တွေကကျလာသည်။
မျက်ရည်တွေမြင်ကာမှ အရင်ထက်ပိုထိတ်လန့်သွားတဲ့Yiboက ပြာပြာသလဲဖြင့်''ဟာ..bao bao မငိုပါနဲ့ ကိုယ်ကြားပါတယ်' '
Yiboက သူ့အရှေ့ကသူ့ထက်အရပ်အနည်းငယ်ရှည်ပြီး ချောမောလှတဲ့ကောင်လေးကိုပုခုံးလေးဖက်ကာ နှစ်သိမ့်ပေးလိုက်သည်။
မျက်နှာလေးကိုလည်းတယုတယကိုင်ရင်း
''ကိုယ်မထင်ထားတော့အရမ်းလန့်သွားတာပါ မငိုပါနဲ့နော် ကိုယ်ခနလောက်စဉ်းစားပါရစေအုံး မငိုပါနဲ့ကွာနော်''''ပြီးတော့... စိတ်မပူပါနဲ့ ကိုယ်တာဝန်ယူမှာပါနော်''
xiao zhan က အသက်နှစ်ဆယ့်သုံးနှစ်ရှိနေပြီဖြစ်ပေမဲ့လည်း သူ့အရှေ့ကလူငယ်လေးရဲ့ရင်ခွင်ထဲတိုးဝင်ကာ တိတ်တဆိတ်မျက်ရည်ကျနေမိသည်။ သူမလန့်ပဲရှိမလား ဘယ်သူကသူကလေးရနိုင်မယ်မှန်းမှမသိတာ.. အခုသူဘယ်လိုလုပ်ရတော့မလဲ အိမ်ကိုလည်း မပြောရဲဘူး... သူ့ရဲ့ချစ်သူကသာတာဝန်မယူရင် သူဘာဆက်လုပ်ရမယ်မသိဘူး..
''ငါတို့ဘယ်လိုလုပ်မလဲ 'Yibo''
ငါကြောက်တယ် အိမ်ကိုလည်းမပြောရဲဘူး
ငါ့အဖေသိရင်ပိုဆိုးမှာ ငါတကယ်ကြောက်တယ် ...''