bao bao ကို ချော့မယ် (15)

682 39 5
                                    

တီ....တီ....တီ....

နိုးစက်သံကြောင့် yibo တစ်ယောက် အိပ်ချင်မူးတူးနဲ့ ထထိုင်လိုက်သည်။ ဘေးကို ကြည့်လိုက်တော့ သားအမိနှစ်ယောက်လုံး အိပ်ရာထသွား ပြီးနေပြီ။ အခန်းထဲက ရှုတ်ပွနေတာတွေည်း သိမ်းပြီးသွားတာမို့ ထသွားတာ အချိန်တစ်ခုတော့ ကြာနေသည့်ပုံ ။ အိပ်ရာထဲမှ ထကာ အညောင်းဆန့်လိုက်ပြီး gym ကစားဖို့ sport wear တစ်ထည်ကောက်စွတ်ရန် ဘီရိုထဲ ရှာလိုက်သည်။ အိပ်ရာဝင်ရင် boxer တစ်ထည်တည်းနဲ့ အိပ်လေ့ရှိသည့်အကျင့်ကြောင့် အပေါ်ပိုင်းဗလာဖြစ်နေသည့် yibo ရဲ့ ကျောပြင်ကျယ်ကြီးမှာ ကြွက်သား အမို့မောက်အပြည့် ။ ဗိုက်မှာလည်း အမြောင်းလိုက်ကြွက်သားတွေနဲ့အတူ အောက်ဘက်နည်းနည်းဆင်းရင် ထင်ရှားတဲ့ ဗွီလိုင်းနဲ့ သူ၏ဂုဏ်ရည်မှာ မြင်ရသူ အမျိုးသမီးတွေကို ​ရှက်သွေးဖျာချင်စရာ။ ဒါကြောင့်လည်း xiao zhan ခနခန သဝန်တိုတာ ဖြစ်မည်။

တစ်နာရီလောက် gym ဆော့ပြီး၍ ရေမိုးချိုးပြီးတာတောင် xiao zhan ကအပေါ်တက်မလာ၍ မတွေ့ရသေး။ ထုတ်ပေးထားတဲ့ ဝတ်စုံကိုဝတ်ပြီး မနက်စာစားရန် ထမင်းစားခန်းထဲ ဝင်လာတော့လည်း xiao zhan ကိုမမြင်တော့ အိမ်အကူ ကောင်မလေးကို ခေါ်မေးရတော့သည်။

'' သားပေါက်စ တို့ သားအမိ မတွေ့မိဘူး ''
''ဘယ်သွားကြတာလဲ''
''suo er နဲ့ သူ့ Mama က Yizhan လေးကို ကြိုမယ်ဆိုပြီး လွန်ခဲ့တဲ့ တစ်နာရီလောက်က ထွက်သွားပါတယ် အစ်ကိုလေး''
Yibo က နားထောင်ရင်း မျက်ခုံးတစ်ဖက်ကိုပင့်လျက် ''အဝတ်တွေ ဘာတွေယူသွားသေးလား''

''မယူသွားဘူး အစ်ကိုလေး ''
'' suo er ရဲ့ အဝတ်တစ်စုံနှစ်စုံတော့ ယူသွားတယ်''

သေချာသလောက်တော့ သူ့ကို စိတ်ကောက်ပြီး သွားတာမှန်း yibo သိလိုက်သည်။ ခါတိုင်းဆို ယောကျ်ားမပါရင် ဘယ်နေရာ ဖြစ်ဖြစ် အသိပေးပြီးသွားတတ်တဲ့ အကျင့်လေးသူ့မှာရှိတယ် ။ အခု ဘာမှမပြောဘဲ သွားသည်ဆိုမှတော့ xiao zhan တို့ တော်တော်လေး ကောက်နေပြီ မလို့ဘဲ။ စိတ်သာကောက်သာ ရုံးသွားရင် ဝတ်ဖို့ အင်္ကျီနှင့်မနက်စာကိုတော့ ခါတိုင်းလို သေချာပြင်ပေးထားပုံထောက်ရင် ချော့ဖို့လွယ်တယ်လို့သတ်မှတ်လို့ရတယ်။ xiao zhan တို့ သားအမိတွေ ဒီညအိမ်ကို ပြန်မအိပ်မှာသေချာသည်မို့ ညနေရုံးဆင်းရင် သူလည်း xiao အိမ်ကိုပဲ ပြန်ဖို့တွေးလိုက်သည်။
ဒီနေ့ မုကျွင်းကျဲနဲ့လည်း ရှင်းစရာ ရှိနေသေးသည်။ သူမ မွေးလိုက်တဲ့ မီးက တော်ရုံမဟုတ် ။ အခန့်မသင့်ဘဲ ဟိုဟာလေးက ကွဲမယ်၊ ကွာမယ် လုပ်ရင် သူပဲ စိတ်သောကရောက်ပြီး ရင်ကွဲပက်လက်ကျန်နေခဲ့မှာ။ ဒါမျိုးတော့ အဖြစ်မခံနိုင်၊ သူ့ကိုရဖို့ကလွယ်တာမဟုတ် ။ မိသားစုအရေးမို့ မုကျွင်းကျဲကိုလည်း လူမှုရေး၊ ရှေ့ရေးနောက်ရေး မတွေးပေးနိုင်တာတော့ yibo မလွန်။ ပြောစရာရှိတာပြောပြီး ရှင်းစရာရှိတာရှင်းရမှာဘဲ။ ပြီးရင် အဲ့ပုံတွေ xiao zhan ဆီရောက်အောင် ပို့တဲ့ သူလည်း 'တွေ့အုံးမယ်.....မိလို့ကတော့ အရေခွံဆုတ်ပြစ်အုံးမည် ' ဟူ၍ yibo စိတ်ထဲကနေ ကြိမ်းလိုက်သည်။

Young Boy With His FamilyWhere stories live. Discover now