''ဟဲလို'...bao bao
ကိုယ်ပြောတာကြားလား.. ဘာလို့ဘာမှပြန်မပြောတာလဲ ... ကိုယ့်Daddyနဲ့Mommyကိုတော့ ကိုယ်အကုန်ပြောပြပြီးသွားပြီ နောက်နှစ်ရက်လောက်နေရင်ကိုယ့်မိဘတွေနဲ့ bao bao ဆီလာဖို့ပြင်ဆင်တော့မှာ''''.. ....''
''bao baoတစ်ခုခုပြန်ပြောပါအုံးကွာ'...ဟင်..''''Yibo..ငါ Papa ကိုကြောက်တယ် Mamaက အဲဒီလောက်မဟုတ်ဘူး...ပြီးတော့ငါ့အကို
ကြီးကိုလည်းကြောက်တယ် ... သူကလည်းPapaလိုပဲ မင့်ကိုအမြင်မတည့်ဘူးလေငါ့ညီမလေးရောပဲ''''သြော် bao baoရယ် ကိုယ်ကသူတို့ကိုယူမှာမှမဟုတ်တာ သူတို့ဘာသာ တည့်တည့်မတည့်တည့် bao baoကဘာလို့စိုးရိမ်နေတာလဲ သဘောမတူဘူးဆိုရင်တောင် ကိုယ်က မရရအောင်ယူမှာနော်''
''.....''
တစ်ဖက်ကတိတ်ပြန်ေတာ့Yiboကျစ်စုတ်ပြီး စိတ်မရှည်တော့တဲ့အသံနဲ့ ဆက်ပြောလာသည်။''သူတို့သဘောမတူရင် ကိုယ်နဲ့မယူဘူးလား bao bao အဲ့ဒီလိုတွေးနေတာလား''
''အဲ့ဒီလိုတွေးနေရင်တော့ အခုကတည်းကမေ့လိုက်တော့.. ကိုယ်မရရအောင်ယူပြီးခိုးပြေးမှာ မလုပ်ဘူးမထင်နဲ့''
''အာ့လိုမတွေးပါဘူး ငါမှမင်းနဲ့မခွဲနိုင်တာ''
''ငါစိုးရိမ်တာကမင်းနဲ့ခွဲရမှာကိုပါ.....''
သူ့ကိုအထင်မှားမှာကို စိုးရိမ်းတာမို့ အမြန်ဖြေရှင်းလိုက်သည့် Xiao Zhan အသံလေးကအဆုံးမှာလေတိုးသံလေးလို တိတ်ဆိတ်သွားသည်...
''အဟက်...ဘာလို့အဲဒီလောက်ချစ်ဖို့ကောင်းအောင် ပြောေနရတာလဲ''Wang Yibo ဖုန်းကိုင်ရင်းသွားကြီးဖြီးကာ အကြီးအကျယ်သဘောကျလေပြီ''ကိုယ်တို့ကို ဘယ်သူမှမခွဲနိုင်ပါဘူး စိတ်မပူပဲအမှန်တိုင်းပြောပြလိုက်ကွာ''
''ကိုယ်တစ်ယောက်လုံးရှိတယ်''''အာ့ဆို ငါPapaနဲ့Mamaကိုဒီညပြောလိုက်တော့မယ် ငါ ..နည်းနည်း မဟုတ်ဘူး အတော်လေး ကြောက်ပေမဲ့ ပြောလိုက်ပါ့မယ် ငါ့အတွက်ဆုတောင်းပေးနော်''
''အင်း..ကိုယ်တို့အတွက်ဆုတောင်းမယ် စိတ်ချ ကိုယ်မင်းကိုအဆုံးရှုံးမခံပါဘူး'
''အင်း..အရမ်းချစ်တယ်Yibo''
'ဖုန်းချပြီနော်'
''ကိုယ်လည်းကိုယ့်အသက်ထက်ချစ်တယ် bao bao''
''ကဲ ချပြီနော်''
''အင်း''
တစ်ဖက်ကိုဖုန်းချပြီး Xiao Zhan သက်ပျင်းချမိပြီ အိမ်ကိုဘယ်လိုပြောရမလဲ Papa ကိုကြောက်တာတော့အမှန်ပဲ။