'' Wang Yizhan.... Daddyခေါ်နေတာကြားလား ''
Yiboအသံကိုကြားပေမဲ့ yizhan မထူးဘဲ စားပွဲအောက်ထဲဝင်ပုန်းဖို့ပြင်ရင်း ဘေးနားရှိ ကလေးနဲ့အတူ ထိုင်ကွင်းကိုပါ သူပုန်းနေတဲ့ စားပွဲအောက်ထဲ မရမချင်း အတင်းဆွဲယူနေသည်။
မကြာဘူး ကလေးငိုသံအကျယ်ကြီးကို တစ်အိမ်လုံးကြားရလေသည်...''Wang Yizhan....''
ကျယ်လောင်တဲ့ yibo အော်သံနဲ့အတူ နောက် ထပ် ကလေးငိုသံထပ်ထွက်လာပြန်သည်။
'' Mama ရေ...အီး...ဟီး ''
''သားက တမင်လုပ်တာမဟုတ်ဘူး...''
ကလေးငိုသံက လှေကားထိပ်ဘက်ကနေ ကြားနေသည်မို့ xiao zhan တစ်ယောက် ထမင်းစားခန်းကနေ အပြေးထွက်လာရသည်။''ဘာဖြစ်ကြပြန်ပြီတုန်း... နင်တို့သားအဖတွေ''
Wang Yibo ကငိုနေတဲ့ Wang Suo Er ကိုပွေ့ရင်း ''ဘာဖြစ်ရမှာတုန်း သားကြီးက candy တွေအများကြီးစားလို့ မစားဖို့ပြောတာကို ကိုယ့်ကိုစိတ်ဆိုးပြီး ပုန်းနေတာလေ'' ''သူ့ညီပါခေါ်သွားတာ သူပုန်းတဲ့နေရာကို... ထိုင်ခွင်းနဲ့ကလေးပါအတင်းဆွဲယူတော့ စားပွဲနဲ့ဆောင့်ပြီး Suo Erက ငိုတော့တာပေါ့''
သူ့အဖေပြောတာနားထောင်နေတုန်း မရှိတဲ့ မျက်ရည်ကိုအတင်းညစ်ထုတ်ရင်း ငိုပြဖို့ပြင်နေတဲ့ Yizhanကို ကြည့်ပြီး xiao zhan ရယ်ချင်လာသည်။ဘယ်လိုတောင်ဉာဏ်များတဲ့ ဟာလေးလည်း...''အဟင့်... သားက ညီလေးကို သားဆော့တဲ့နေရာပြမလို့ကို...အီး...ဟီး..Mama လို့'' သူ့ Mama ဆူမှာစိုး၍ လက်ကမ်းက အရင်ပွေ့ခိုင်းနေသေးသည်..xiao zhanမှာ ပွေ့လို့မလွယ်တော့တဲ့ သူသားကို မရမက ချီပွေ့ရင်းပြန် ချော့လေသည်။
''Wang Yizhan. တော့လုပ်ချလိုက်ပြန်ပြီ နာသွားတဲ့ညီလေးတောင် အငိုတိတ်နေတာ ကြာလှပြီ...လူပျိုဖြစ်တော့မဲ့သူ ငိုနေတုန်း မရှက်ဖူးလား.. ဟန်''
Yiboက သူ့သားကိုကြည့်ရင်း တဟား ဟားရယ်ကာ သဘောကျနေတော့သည်။
Suo Er လေးကလည်း သူ့အဖေလက်ထဲကနေ မျက်လုံးလေးပြူးကာ သူ့အစ်ကိုdramaခင်းတာကို ငြိမ်ငြိမ်လေးကြည့်နေလေရဲ့...တစ်အိမ်လုံးမှာ Wang Yizhanကို ကျော်နိုင်တဲ့သူမရှိချေ။ Suo Er လေးကငယ်သေးလို့လားမသိပေမဲ့ အကျင့်လည်းကောင်းသလို တအားလည်းမဆော့ပေ။ နေမကောင်းဖြစ်ရင်တောင် သူ့အစ်ကိုလို ဂျီကျတာမျိုးမလုပ်ဘဲ xiao zhan ကိုသာ တစ်နေကုန်ကပ်လေ့ရှိသည်။ အမေကပ်လွန်းလို့ yibo တစ်ယောက် ဂျေဝင်ရသည့်အထိ။ ညဆို xiao zhan အနား yibo ကပ်တာကို လုံးဝမကြိုက်သလို အနားကပ်တာနဲ့အော်ငိုတတ်သေးသည်။ ညတွေဆက်လာတော့ Daddy yibo စိတ်ညစ်လာရသည်။
''သားရေ... မင်းအဲ့လိုဆက်လုပ်နေရင် Daddyမင်းကို တစ်နှစ်ကျော်တာနဲ့ အခန်းခွဲသိပ်မှာနော် ''
သူ့သားကို မျက်နှာတည်ကြီးနဲ့ပြောနေတဲ့ yiboကို ကြည့်ရင် xiao zhan တစ်ခစ်ခစ်နဲ့ရယ်နေတော့သည်။
''yibo ကတော့လေ သားနဲ့ဖက်ပြီး စိတ်ကောက်ချင်နေတာလား''
''bao bao သားကိုလည်းပြောလေ တစ်ညလည်းမဟုတ် နှစ်ညလည်းမဟုတ်နဲ့ ကိုယ် bao bao နားကပ်တာကိုမကြိုက်ဖြစ်နေတာ''
xiao zhan ကyibo အပြောကို သဘောကျရင်း suo er လေးရဲ့ခေါင်းကိုပွတ်ပေးနေလိုက်သည်။
''suo er လေး သားအဲ့ဒီလိုညတိုင်းနောက်ယှက်နေရင် နောက်ထပ် ညီလေး၊ ညီမလေးတွေ ရတော့မှာမဟုတ်ဘူးနော်''
ထိုစကားကြောင့် ကလေးချော့နေတဲ့ xiao zhan က မျက်နှာကြီးနီလာကာ yibo ကိုမျက်စောင်းထိုးတော့သည်။
'' ရူးနေလား..ကလေးငယ်သေးတယ် ဘာတွေပြောနေတာလဲ''
ရှက်နေတဲ့ ချစ်ရသူကိုကြည့်ရင်း yiboကတမင်စပြန်သည်''မရှက်ပါနဲ့ကွာ bao bao ပဲကိုယ့်အတွက် ဘောလုံးတစ်သင်းစာမွေးပေးမှာဆို''
'' ငြင်းမယ်မနဲ့ ဒီနှစ် Febury14 တုန်းကပြောထားတာလေ bao bao မေ့နေတာတော့မဟုတ်ဘူးမလား''
စပ်ဖြည်းဖြည်းဖြစ်နေတဲ့ သူ့ယောကျာ်းမျက်နှာကိုကြည့်ရင်း တကယ်ပါပဲ 'ဒီအရှက်မဲ့တဲ့ယောကျာ်းကို မနိုင်'ဟု၍သာ xiao zhan တွေးနေမိသည်...