Xiao Zhan တစ်ယောက် ခုတင်ပေါ်တွင် လဲလျောင်းနေရင်း မျက်ရည်လည်လည်ဖြင့်တွေးနေသည်။
ငိုရလွန်းလို့မျက်လုံးတွေ ဖောင်းအက်နေသည်။ သူ့ယောကျ်ားက အရမ်းဆိုးတာကို မယူခင်ကတည်းကရော ရည်းစားမဖြစ်ခင်ကတည်းကပါ သိသည်။ သိရဲ့သားနဲ့ကို ထိုကောင်လေးကို သူသဘောကျခဲ့မိတာ။ စတွဲကတည်းက သူ့အမျိုးသားသူ့အပေါ်ပိုင်ဆိုင်လိုစိတ်ကြီးလွန်းသလို သဝန်တိုတတ်သည်။ သို့ပေမဲ့လည်း သူ့အပေါ်မှာ အမှန်တကယ်ဂရုစိုက်သည်။ စကားများကြတဲ့အခါဆိုရင် လူကိုစိတ်မရှည်သလိုဆက်ဆံတတ်ပေမဲ့ သူ့ဘက်ကပဲအရင်လျှော့ပေးတတ်သည် ။သူအရမ်းဒေါသထွက်နေတဲ့အခါမျိုးဆိုရင်တော့ လူကို နှစ်ရက်လောက်မဆက်သွယ်ပဲပစ်ထားတတ်သေးသလို တစ်ခါတစ်လေဆိုရင်တော့ ကိုယ်ဘာလုပ်လုပ်၊ ဘာပြောပြော ပြုံးပြုံးကြီးကြည့်နေတတ်ပါသည် ။ ဒါပေမဲ့ အခုလိုဒေါသထွက်တာမျိုးကိုတော့ သူပထမဆုံးအကြိမ်မြင်ဖူးတာ သူလည်းဒီတစ်ခေါက် ကောင်လေးကိုအမှန်တကယ် စိတ်ဆိုးသည် ။ဒါပေမဲ့လည်း သူ့ယောကျာ်းကလက်မှာ ဒဏ်ရာရနေတာကို တွေးမိပြန်ရော ၊သူ့Mommyကလည်း ရိုက်လိုက်သေးသည်။ သူ့မျက်စိရှေ့မှာကို ပြင်းထန်စွာရိုက်လိုက်တာ ပြီးတော့Yiboပါးနှစ်ဖက်လုံး လက်ချောင်းရာကြီးကထင်းနေမှာ သူအမျိုးစုံတွေးနေတုန်းမှာပင် ဗိုက်ထဲက ကလေးအခနခနလှုပ်နေသည်။
''အာ့''
''ဘာလို့ခနခနလှုပ်နေတာလဲ မင်းအဖေကိုစိတ်ပူနေတာလား မင်းအဖေကလူယုတ်မာလေ Mamaကို ဘယ်လိုတောင်ငိုအောင်လုပ်သလဲ မင်းမသိဘူး..ဟွန့်...အာ့..ထပ်မလုပ်နဲ့တော့ ထပ်လုပ်ရင်မင်းအဖေကို ပိုစိတ်ဆိုးပစ်မယ် ''
Xiao Zhanဗိုက်လေးကိုပွေ့ပိုက်ထားရင်း ထထိုင်လိုက်သည် သူတို့သားက အဖေကိုပိုချစ်တဲ့သားဖြစ်မည် ။ခြောက်လ ခုနှစ်လလောက်ကတည်းက ညရောက်တိုင်းYiboက ဗိုက်နားကပ်ကာ စကားပြောလေ့ရှိသည်။ ထိုသို့ပြောလျှင် ဗိုက်ထဲကနေသိသလို လှုလှုပ်နဲ့ကန်တတ်သည် ။ခနခနမဟုတ်ပေမဲ့ များသောအားဖြင့် တအားေဆာ့သည် သူဗိုက်ကလေးကိုတယုတယပွတ်နေချိန်မှာပဲအနောက်က တံခါးကပွင့်လာသည်''ကျွီ''
Xiao Zhanအလန့်တကြားလှည့်ကြည့်မိသည် ဝင်လာတဲ့သူကိုမြင်တော့မမြင်ဟန်ဆောင်ကာ ပြန်လှည့်ကာကျောပေးလိုက်သည်
''bao bao''
Yiboက Xiao Zhan အနားသွားကာ တိုးတိုးလေးခေါ်သည်
''bao bao
ကိုယ် တောင်းပန်ပါတယ်''
''ကိုတကယ် မင်းကိုရိုက်ဖို့တစ်ခါမှမတွေးဖူးပါဘူးကွာ'' ကိုယ်သောက်တာများသွားလို့ အသိစိတ်လွှတ်သွားတာပါ ''
xiao zhanနားဒူးထောက်ထိုင် လက်လေးနှစ်ဖက်ကိုဆုပ်ကိုင်လိုက်သည်။
''ကိုယ်နောက်ကိုလည်းအဲ့ဒီလို ထပ်မဖြစ်စေရပါဘူး ကတိပေးပါတယ်
ကိုယ့်ကိုခွင့်လွှတ်ပေးနော်''
Xiao Zhanက လုံးဝလှည့်မကြည့်ပါ စကားလည်းပြန်မပြောပါ ပုခုံးလေးတွေကတစ်ချက်တစ်ချက်တုန်တက်သွားပြီး
ရှိုက်သံသေးသေးလေးတွေလည်းထွက်လာပါတော့သည်။
Yiboကလန့်သွားကာ ခြေမကိုင်မိလက်မကိုင်မိဖြစ်ရင်းနဲ့
''bao baoမငိုပါနဲ့ကွာ..နော်''
''ကိုယ်နောက်အခုလိုတွေမလုပ်တော့ပါဘူး
bao baoစကားကိုလည်းနားထောင်ပါ့မယ် စာလည်းကြိုးစားပါ့မယ်ကွာ တောင်းပန်ပါတယ်နော် ''
YiboကXiao Zhanကိုပွေ့ဖက်လျက် ချော့လေသည် မျက်ရည်တွေကိုလည်း သေချာသုတ်ပေးသည်
''သွား...မလာနဲ့..အီးဟီး.. မင်းသူငယ်ချင်းတွေနဲ့ပဲ ပျော်ပါးနေချေ.. အရက်ပဲသောက်ပြီးနေချေ....''
''ငါ့စကားနားမထောင်မယ့်အတူ မင်းဘာသာနေချင်သလိုနေချေ..ရွှတ်..ငါလည်းမင်းကိုမပြောချင်တော့ဘူး''
Xiao Zhanကပြောလိုက်ငိုလိုက်လုပ်ကာ Yiboကိုတွန်းလွှတ်နေသည် တစ်ချက်တစ်ချက်ရှိုက်သံတွေကထွက်နေသည်
''ကိုယ်မှားတာပါ...နော် ''
''ကိုယ်တောင်းပန်ပါတယ် မငိုပါနဲ့တော့''
bao bao ကျေနပ်အောင်ကိုယ်ဘာလုပ်ပေးရမလဲဟင် ကိုယ့်ကိုပြောပါ ရိုက်ရင်လည်းကိုယ်ခံပါ့မယ် ''