''Ma..Mama...Ma..အင်း...'' ညအချိန်မတော်ကြီး ကလေးကနေမကောင်းပဲ အပူကြီးကာ ညည်းနေရှာသည်
''Mamaရှိတယ်... သား..''
''ဘာလို့အရမ်းပူနေရတာလည်း...Mamaစိတ်ပူလိုက်တာ သားရယ်''xiao zhan နာရီကြည့်လိုက်တော့လည်း တစ်နာရီထိုးနေပြီဖြစ်သည်။ Yiboက ကျောင်းပိတ်ထားလို့ ရတဲ့အချိန်ကို Daddyနဲ့အတူ အလုပ်ကိုလေ့လာနေသည်။ အခုလည်းရုံးခွဲကတခြားမြို့မှာမို့ လိုက်သွားရသည်။
သားကလည်း တစ်နေကုန်နေကောင်းနေပြီး ညရောက်မှရုတ်တရက်ကြီးဖျားကာ အပူကြီးလာတယ်။
တစ်ခါမှ အခုလောက်ကြီး မဖျားဘူးတော့ xiao zhan ပိုစိတ်ပူမိသည်။
ဆေးတိုက်ထားတာ နာရီဝက်ရှိနေပေမဲ့ အပူကမကျသလို ကလေးက ဆက်တိုက်အီနေသည်။
''မဖြစ်ဘူး..Mommyကိုနိုးမှရတော့မယ်''
xiao zhanကပါးစပ်မှတီးတိုးရေရွတ်ကာ အိမ်ထိန်းအားနိုးကာ အခေါ်ခိုင်းလိုက်သည်
ခနအကြာမှတော့ Mrs Wang က အခန်းထဲအမြန်ဝင်လာကာ သူမ၏မြေးနဖူးနှင့် ပါးပြင် လေးတွေကိုလက်ခုံနဲ့ကပ်ကာ စမ်းလိုက်ရင်း
''ဘယ်လိုဖြစ်ပြီး ကလေးကအရမ်းပူနေရတာလည်း သားရယ်''
''မြေးလေးက အစားမှားတာတော့ လေအတိုက်ခံတာတို့ မရှိဘူးမလား''
Mrs Wangက သူမ မြေးရဲ့နဖူးနှင့်လက်ကိုစမ်းကာ အစိုးရိမ်တကြီးမေးလေသည်''Mama...Ma...Ma..အင်း...အင်း..''
ကလေးကထိတာနဲ့ သူ့အမေကို တကာငိုနေပြန်သည် အပူအားကြီးတော့နေရခက်နေပုံပင်
''Mamaရှိတယ်...Mamaရှိတယ်နော်''
xiao zhanကသူ့သားကို ပွေ့ထားရက် အသာချော့လေသည်
''သားအထင်အစားမှာတာမဟုတ်ဘူးMommy ..သားလည်းဘာလုပ်ပေးရမှန်းမသိတော့ဘူး...'' xiao zhanက ကလေးခံစားနေရတာကိုကြည့်ပြီး ငိုတော့မည့်ပုံ မျက်ရည်ကလည်ကလည်နဲ့ ငိုသံပါနေတော့သည်။''ဒုက္ခပါပဲ Mommyတို့ family doctor ကလည်း UK ကို စာမေးပွဲသွားဖြေတာ တဲ့ သူက ခနအစားထိုးထားခဲ့မယ်ပြောပေမဲ့ Mommyလည်း သိပ်အာရုံမရတာမို့ အဆင်ပြေတယ်ဆိုပြီး သူပြောတဲ့doctorရဲ့ph နံပါတ်ကိုမယူထားမိဘူးကွယ်''
Mrs Wangက တအီအီဖြစ်နေတဲ့ မြေးနဲ့ မျက်ရည်ဝဲနေတဲ့ သားကိုကြည့်ကာ စိတ်မကောင်းဖြစ်နေတော့သည်။''မစိုးရိမ်ပါနဲ့...သားရယ် ဆေးတိုက်ထားရင်တော့ တဖြည်းဖြည်းအပူကျလာမှာပါ''