''bao bao မဟုတ်သေးဘူးကွာ''
''ဘယ်ကကြားလာပြန်တာလဲ မဟုတ်ဘူးလို့ကိုယ်ပြောပြီးပြီလေ ဘယ်သူကချွန်တွန်းလုပ်လိုက်ပြန်တာလဲ ကိုယ့်ကိုအဲဒီလိုကိစ္စတွေနဲ့ပတ်သက်ပြီး မယုံသလိုမလုပ်စမ်းပါနဲ့ကွာ''အခန်းထဲမှ Yibo အသံကဟိန်းထွက်လာသည် Wang Yiboတကယ်မခံစားနိုင်တော့
ပါ bao baoကသူ့ကိုအခြေမြစ်မရှိ စွတ်စွဲနေပြန်ပြီ
''မင်းကမဟုတ်ဘူးပြောနေပေမဲ့လည်း ငါခနခနကြားနေရတော့ အဆင်မပြေဘူးလေ ငါမင်းကိုမယုံတာမဟုတ်ပါဘူး ငါစိုးရိမ်နေတာပါ အဲဒီလောက်လေးတောင် ငါမမေးရဘူးလား ပြီးတော့ မင်းငါ့ကိုအော်နေပြန်ပြီ....''
Xiao Zhanမျက်လုံးလေးတွေက မျက်ရည်အိမ်ဖွဲ့တော့မည်ပင်''ကိုယ်လည်းမအော်ချင်ပါဘူးကွာ bao baoက အဲ့ကိစ္စကိုခနခနမေးနေတာလေ ကိုယ်မနေ့ကလည်းဖြေရှင်းပြီးပြီ... မနက်ကလည်းထပ်မေးပြန်ပြီ.. အခုလည်းကြည့်ထပ်ပြောပြန်ပြီလေ... ကိုယ်ဆိုးရင်ဆိုးမယ် အသောက်အစားလုပ်ရင်လုပ်မယ်... မိန်းမကိစ္စတော့မရှုတ်ဘူး စိတ်လည်းမဝင်စားဘူး မင်းကလွဲရင်ဒီကောင်ရင်က ဘယ်သူမှမတိုးဘူးစိတ်ချ နောက်ထပ်မေးရင် ကိုယ်တကယ်စိတ်ဆိုးတော့မှာ .....''
Xiao Zhanကဘာမှမပြောပဲငြိမ်၍နားထောင်နေသည် ဒါပေမဲ့ရင်ထဲနည်းနည်းပေါ့သွားတာတော့အမှန်ပင် ငယ်လေးက နှစ်ခါတောင်လာပြောထားတာဆိုတော့ စိတ်ပူတာပေါ့ပြန်မပြောပဲငြိမ်နေတဲ့ Xiao Zhanကို Yiboက လက်ကလေးကိုဆွဲ၍ သူ့နားခေါ်လိုက်သည်
'ကိုယ်ပြောတာကြားတယ်မလား...နောက်ခါအဲ့ဒီလိုကိစ္စထပ်မေးရင် စိတ်တိုတော့မှာလို့
ကိုယ်ကမင်းကိုပဲချစ်ပြီး မင်းကိုပဲစိတ်ထဲရှိတယ် ဘယ်သူ့ကိုမှမင်းလောက်မချစ်ဘူး''''မင်းလိမ်နေတယ်''
Xiao Zhanကပက်ခနဲပြန်ပြောသည်
''မင်း... ရည်းစားဟောင်းတွေကိုကျဘယ်လိုပြောခဲ့လဲ''''သြော်..bao bao ရယ်..ဘယ်ကရည်းစားဟောင်းတွေကပါလာပြန်တာတုန်းကွာ
သူတို့မျက်နှာတွေကိုတောင် မှတ်မိဖို့မဖြစ်နိုင်ဘူး''''တကယ်ပြောတာ...ပြီးတော့ ဘာစိတ်မှရှိခဲ့တာမဟုတ်ဘူ ဒီတိုင်း ရည်းစားထားကြည့်တာ''
YiboကXiao Zhan ကိုယ်လုံးလေးကို ထွေးပွေ့ကာ ပေါင်ပေါ်တင်ထားသည်