''သားရေ အဲ့ဒီလို ကျောင်းပျင်းနေရင် Mama မချစ်တော့ဘူးနော်''
''no....Mama သားကျောင်းသွားချင်ဝူး''
yizhanလေးက မူကြိုတက်နေတာ ရက်နှစ်ဆယ်လောက်ရှိနေပြီဖြစ်သည် ။ အစကကျောင်းသွားခိုင်းရင် ဂျီကျပေမဲ့ အခုကပိုပိုဆိုးလာတယ်... အခုလည်း သူ့အိပ်ခန်းထောင့်က စားပွဲကြားထဲဝင်ကာ ကျောင်းသွားဖို့ ငြင်းနေပြန်သည်။
''Mama စိတ်ဆိုးတော့မှာနော် ''
သားကြောင့်Mama ငိုချင်နေပြီ..... ဘာလို့အဲဒီလောက် ကတ်တီးကပ်ဖဲ့ လုပ်နေတာလဲ''
xiao zhan သူ့သားထိုင်နေတဲ့အနားလည်းသွားမရတာဖို့ ခုံပေါ်ထိုင်ကာချော့ပြောနေရသည်။ ဟိုတစ်ယောက်ကလည်း ဘယ်လိုပြောပြောလက်လျော့မဲ့ပုံ မမြင်။မတတ်နိုင်တဲ့အဆုံး xiao zhan တစ်ယောက် yiboကိုခေါ်ရတော့သည်။
''သားရေ...အဲ့ဒီလိုမလုပ်ရဘူးကွာ Daddyသားကလိမ္မာတယ်မလား Daddyလိုက်ပို့ပေးမှာနော်''
ထောင့်ကြားထဲကနေ ဘာမှပြန်မပြောဘဲ သူ့အဖေကို ပြူးပြူးလေးကြည့်နေသေးသည်။''ဒါဆို သား ice-cream စားရမှာလား''
''သား ကလည်းကွာ သားချောင်းဆိုးပျောက်တာမကြာသေးဘူးလေ...မနက်ဖန်ဝယ်ကြွေးမယ် ဒီနေ့တော့ သားMamaထည့်ပေးတာပဲယူသွားလေနော် ''
''nope...ဒါဆို candyစားရမှာလား..ဒီလောက်လေ ''
လက်သေးသေးလေး ငါးချောင်းထောင်ကာ စျေးဆက်ေနသေးသည်။
''အင်း candy ဆို သုံးခုပဲရမှာတဲ့ ဆိုင်က candyတွေကုန်နေလို့တဲ့ ဆိုင်က သားMamaကိုပြောလိုက်တာ ''
Yiboက သူ့သားမယုံမည်စိုး၍ xiao zhanဘက်လှည့်ကာပြောလိုက်သေးသည်။
''ဟုတ်တယ်...Mamaမနေ့ကသွားဝယ်တာ သုံးခုပဲရှိတော့တာတဲ့ ''
''ဒါကြောင့် သားအတွက်အကုန်ယူလာခဲ့တာ''
''သားစားမှာမလား''
yiboကစားပွဲအောက်ငုံ့ကာပြောလိုက်တော့ စဥ်းစားသလို လုပ်ပြီး''yes''တဲ့ အတတ်လေး လူလည်လုပ်ချင်နေပြီ
''ဒါဆို Daddyနဲ့ ကျောင်းသွားကျမယ်နော်''''Let's go... Daddy''
စားပွဲအောက်နေ ထွက်လာပြီး သူ့အဖေလက်ဆွဲကာ အခန်းပြင်ကိုထွက်သွားတော့သည်။
xiao zhan လည်းထိုင်ခုံကနေမနည်းထကာ သူ့သားဆော့ထားသည့် အရုပ်များကိုသေချာကောက်သိမ်းရင်း သားအခန်းကို သန်းရှင်းရေးလုပ်ရင်းကျန်နေခဲ့တော့သည်။.----------–------------------------------------------------
''ဒေါက်...ဒေါက်... ''