Wang Yibo တစ်ယောက် တစ်မနက်လုံး အပိုးကျိုးနေသည်။ ကျောင်းသွားတာတောင်
အပြန်ဘာဝယ်ခဲ့ရမလဲ ဘာစားချင်လဲဆိုတာကို အထပ်ထပ်မေးနေသေးသည်။ Xiao Zhanကတော့ Yiboပုံစံကြည့်ပြီးကြိတ်ပြုံးနေမိသည် ။မနက်ဖြန် ရှင်းပြမယ်ဆိုလို့ Xiao Zhan ကအိပ်ရာထပြီဆိုကတည်းက Yiboကိုပါနိုး၍မနေ့က ကိစ္စကိုပြန်မေးခဲ့သည် ။ထိုအခါမှ Yibo တစ်ယောက် အိပ်ချင်မူးတူးထကာ ရှင်းပြရှာပါတော့တယ်..
''ဒါကဒီလိုပါ...bao baoရေ''
ကိုယ်မနေ့က ပြောသလိုပဲ ညကစာပို့တဲ့ကောင်မလေးနဲ့ ဘာအကန့်မှမရှိပါဘူး သူကိုယ့်ကို စိတ်ဝင်စားတာကိုတော့ လွန်ခဲ့တဲ့သုံးရက်ကသူများလာပြောလို့ သိတာ''
'' ဒါပေမဲ့ ...ကိုယ်လုံးဝစိတ်ထဲတောင်မရှိဘူး သူ့နာမည်တောင်သေချာမသိဘူး'' ''ဖြစ်ချင်တော့ မနေ့က ကိုယ့်wechat accလှဲဖို့လာပြောတယ် ကိုယ်ငြင်းလိုက်တယ် လက်ထပ်ထားတာရှိတယ်လို့ပြောလိုက်တယ်။ ဖုန်းနံပါတ်ကတော့ ကိုယ့်အသိတစ်ချို့က ဝင်လှော်လိုက်လို့ သူရသွားတာနေမှာ ''
''ပြီးတော့ အရင်နေ့တွေက bao baoတွေ့တဲ့ smsတွေ ဖုန်းကောတွေလဲ အဲ့ဒီလိုပဲ ကိုယ်ဖျက်ပစ်လိုက်တာက bao baoတွေ့ရင် အခုလိုတွေဖြစ်မှာစိုးလို့ အရေးမပါတာတွေကို ကိုယ်အချိန်မပေးသလို မင်းစိတ်ညိုငြင်မှာကိုလည်း ကိုယ်မလိုချင်ဘူး အာ့ကြောင့် ရှင်းလိုက်တာ''
''ကိုယ့်အသိတွေကိုလည်း ဖုန်းနံပါတ်တွေလျှောက်မပေးဖို့ပြောထားပြီးသား''
''ကဲ..ဘာထပ်သိချင်သေးလည်း ကိုယ်အကုန်ရှင်းပြနိုင်တယ်..''
ချစ်ရသူကို အချက်လက် ကျကျ တင်ပြနေရပါသော ကလေးအဖေပါ
''အင်း...တင်ပြတာ ပြည့်စုံလို့ထပ်မေးစရာမရှိဘူး''
'' ဒါပေမဲ့...နည်းနည်းစိတ်ဆိုးနေသေးတယ်''
''ဘာလို့လဲကွာ''yiboမျက်နှာကရှုံ့နေလေပြီ
''မင်း... ညက ငါ့ကိုအော်တယ်''
''ကိုယ်မှားပါတယ်''
''bao baoလည်းကိုယ့်ကိုမယုံသလို ထပ်မလုပ်နဲ့တော့''
''ငါမယုံသလိုမလုပ်ပါဘူး...ယုံကြည်ပေးဖို့ကြိုးစားခဲ့တာပါ... ထပ်ပြီးပြဿနာရှာချင်နေတာလား''
''ကိုယ်မှားပါတယ် ''မျက်လုံးကြီးပြူးကာ ရန်တွေ့ဖို့ပြင်နေတဲ့xiao zhanကို yiboက ဒူးတုတ်ထိုင်ကာ ခေါင်းငုံ့ပြလိုက်သည်
xiao zhanကြိတ်ပြုံးကာ''သိရင် ပြီးတာပဲ''
''ငါမနက်စာ ပြင်ချေတော့မယ် ခနနေထပြီးကျောင်းသွားဖို့ပြင်တော့''
''အင်း..ကိုယ်သိတယ် ခနနေထခဲ့မယ်''
''အခုပြန်အိပ်လိုက်အုံးမယ်......''