''ဟန်...သားကနိုးလာတာလား''
''မန်မန်စားပြီးပြီလား...Mamaသားလေးက''
xiao zhan ရေချိုးခန်းထဲကနေ ထွက်လာလာချင်း ခုတင်ပေါ်မှာ ထိုင်ကစားနေတဲ့သားအဖနှစ်ယောက်ကို ကြည့်ကာ ကြောင်သွားသည်။
''သားက bao bao ကိုရှာနေတာ''
''ခုနကတင် ရွှေဖရုံသီးနဲ့ ငါးရယ် ထမင်းအပျော့ရယ် ကျွေးတာ တစ်ဝက်တော့ကုန်တယ်''
''အင်း...သူညကျရင် တော်တော်နဲ့အိပ်ပြန်အုံးမှာမဟုတ်ဘူး ဗိုက်ဆာပြန်အုံးမှာ ''
xiao zhanက သူ့သားကို ရင်ခွင်ထဲထည့်ကာပွေ့လိုက်သည်။
''Yibo လည်း ရေချိုးတော့''
''အင်း...''''သားကဘာလို့ ထမင်းကိုကုန်အောင်မစားတာလဲ သားကြိုက်တဲ့ဟင်းတွေ လုပ်ပေးထားတာပဲကို''
ကလေးက နားလည်သလိုနဲ့ သူ့အမေလည်ပင်းကိုဖက်ကာ ငြိမ်နေသည်
''သားအဲ့လို မစားရင် အားမရှိပဲနေမယ် နောက်ကိုများများစားရမယ်နော်''
''ရွှတ်..''
''ခစ်..ခစ်..ma ma..''
သူMamaက လည်ပင်းနဲ့ ပါးတွေကိုနမ်းကာ စတော့ Yizhanလေးကတခစ်ခစ်နဲ့ရယ်နေပါတော့သည်
xiao zhan ဆယ့်ငါးမိနစ်လောက် ကလေးနဲ့ စလိုက်နောက်လိုက်ကစားပေးတော့ Yizhanလေးကပျော်နေရှာသည်။
သူနဲ့အဲ့လို ဆော့ပေးလို့ကတော့ တအားသဘောကျကာ တစ်နေကုန်ကပ်နေပေလိမ့်မည်။
''ကဲ..အိပ်ရအောင်နော်''
xiao zhanကလေးကိုပွေ့ကာ အခန်းထဲ လမ်းလျောက်၍ ချော့ကာသိပ်လေတော့
နည်းနည်းလောက် လမ်းလျှောက်ပြီးတာနဲ့ ကလေးက အိပ်ပျော်သွားတာမို့
ကလေးကိုခုတင်ပေါ်မှာ သိပ်ပြီးနောက်
စောင်အပါးလေးအုပ်ပေးထားလိုက်သည်။ နေမကောင်းဖြစ်တော့ ချောင်ကျသွားတဲ့ သားမျက်နှာလေးကိုကြည့်ရင်း စိတ်မကောင်းဖြစ်ရသည် ။ဒီပုံစံနဲ့ သူ့သားကိုဘယ်လိုနို့ဖြတ်မှာလည်း တစ်နှစ်ကျော်တာတောင် စကားလည်းသေချာမပေါက်နဲ့
xiao zhan တွေးနေရင်း သားလေးကိုအချစ်ပိုရသည်။ ကလေးမျက်နှာလေးကို တစိမ့်စိမ့်ကြည့်နေရင်း သားဖြစ်သူ နဖူးလေးကိုအနမ်းပေးကာ ခုတင်ပေါ်ကအသာလေးဆင်းလိုက်သည်။
xiao zhan မျက်နှာက ဘာမှမလိမ်းရသေးသည်ကို သတိရပြီး မှန်ရှေ့၌ထိုင်ကာ မျက်နှာကို tonor နဲ့ moisturizer လိမ်းလိုက်ပြီး ခန္ဓာကိုယ်အတွက်လည်း body lotion လိမ်းသည်။ လက်ကို Hand cream အနည်းငယ်လူးပြီးနောက် ကလေးဆော့ထားသော အရုပ်တွေ သိမ်း၊ Yibo ချွတ်ထားတဲ့ အဝတ်စားတွေကိုလည်း မနက်ဖန်လျှော်မည့် ခြင်းထဲ ကောက်ထည့်ကာ သိမ်းလိုက်သည်။