bao baoစိတ်ဆိုးနေသည်(5)

1.2K 74 1
                                    

Wang YiboကXiao Zhanရဲ့ပုခုံးကို လှုပ်ခါလိုက်တာမို့ Xiao Zhanအတင်းရုန်းလိုက်သည် သို့ပေမဲ့ Yiboကအားထည့်ပြီးညစ်ထားတာမို့ မလွတ်တဲ့အပြင်ပိုနာလာသည်

''ငါ့ကိုလွှတ်လို့ပြောနေတယ်လေ... ငါနာနေပြီ..အာ့...အရိုင်းစိုင်းကောင် ငါမင်းကိုမုန်းတယ်....အီးဟီး....''
Xiao Zhanရုတ်တရက်ကြီးကျယ်လောင်စွာအော်ငိုတော့သည် ။
Yibo ခါတိုင်းဆို ချက်ချင်းချော့မှာဆိုပေမဲ့ ဒီနေ့တော့သူအလျှော့မပေးနိုင်ပါ။ bao baoကသူ့ကို အသုံးမကျတဲ့လူလို ဆက်ဆံနေတာ သူမခံနိုင်ဘူး.. ပြီးတော့ မဖြစ်လာသေးတဲ့အရာတွေကို တွေးပူနေပြီး လူကိုဒေါသထွက်နေတယ်။ အခုလည်း လူကိုတစ်ခါမှမပြောဖူးတဲ့စကားကို ပြောနေတယ် မုန်းတယ်ဆိုပဲ... Yiboတွေးရင်းပိုစိတ်တိုလာသည်

''ငါကွာ...ဘာလို့လူကိုမုန်းတယ်ပြောနေတာလည်း..''
''ခလွမ်း...ဒုန်း....''
''အမေ့''
YiboကXiao Zhanကိုတွန်းလွှတ်ကာ အခန်းထဲရှိ ပန်းအိုးကိုပစ်ခွဲကာ စားပွဲကိုကန်ပစ်လိုက်ခြင်းပင်
Xiao Zhanတစ်ယောက်လန့်လွန်းလို့ အမေတပြီး အသံတောင် ထွက်မလာတော့ပေ
''မင်း...ဘယ်လိုဖြစ်နေတာလဲဟင်..မဖြစ်လာသေးတဲ့အရာကိုစိတ်ပူမနေနဲ့လေ ငါကရောအခုလိုတွေဖြစ်ချင်ပါ့မလား ငါမင်းကိုချစ်လို့ပဲလက်ထပ်တာလေ "
''မင်းကို မင်းအပြစ်လို့ငါပြောခဲ့ဖူးလို့လား ဘာမဟုတ်တဲ့ကိစ္စလေးတွေကို အထနလိုက်ကောက်ပြီး ဒေါသထွက်နေတာ မင်းမဟုတ်ဘူးလား ''
''တစ်ခါလာရင်ကျောင်းပျက်တဲ့ကိစ္စ တစ်ခါလာရင်အပြင်ထွက်တဲ့ကိစ္စ ငါဒီလောက်လေးတောင်မလုပ်ရဘူးလား အခုလည်းဘာတွေပူပန်နေရလို့လဲ
ငါမိဘရောမင်းမိဘတွေပါ ထောက်ပံ့နေတာပဲ...''
''က​လေးရှေ့ရေးဆိုတာပြောမနေနဲ့ ဒီတစ်သက်စားမကုန်နိုင်ဘူး ငါ့မှာဆွေစဉ်မျိုးဆက် ကမ်းလာတဲ့ အမွေတွေအပြည့်ရှိတယ် ဒါကိုလာပြီးပွစိပွစိလုပ်နေတယ် ''
''နောက်ပြီး အရက်သောက်တာနဲ့ မင်းPapaကိုမလေးစားရာကျသွားတာလား တစ်ခါတစ်လေ သောက်တာဘာဖြစ်နေလို့လဲ... သူများလိုစွဲနေတာမှမဟုတ်တာ ဘာမှမဟုတ်တာကိုပြဿာနာရှာနေတယ်....ပြောရင်းကို လူကို ဒေါသထွက်အောင်လုပ်နေတာဘယ်သူလဲ... ကဲကွာ...''
''ဒုန်း...''
အခန်းထဲရှိရှိသမျှပစ္စည်းကိုပစ်လွင့်နေတဲ့Wang Yiboကိုကြည့်ပြီးXiao Zhanတုန်နေတော့သည် သူကအဝတ်ဗီရိုတွေပါမကျန်ကန်လွှတ်ပြီးအဝတ်စားတွေကိုပါ ပစ်လွှင့်နေသည်။
''ဒုန်း...ဒုန်း....''
''သား...ဘာတွေဖြစ်နေတာလဲ''
''တံခါးဖွင့်စမ်း''
အပြင်မှာXiaoလူကြီးမင်းက စိုးရိမ်တကြီးအော်ကာတံခါးကိုထုနေသည် ခနအကြာတံခါးကိုတော့ပ်ဖြင့် လှည့်ဖွင့်လိုက်တဲ့အသံကြားပြီးနောက် Paနဲ့Maက အခန်းထဲပြေးဝင်လာကြသည်။
ရှုတ်ပွနေသောအခန်းကို ကြည့်ကာ Xiao Zhanမိဘတွေက ပိုစိုးရိမ်သွားသည်
''သား...ဘာဖြစ်တာလဲဟင်''
Mamaကစိုးရိမ်တကြီး ပွေ့ဖက်ရင်းမေးလာသည်
Xiao Zhanကဘာသံမှမထွက်ပဲ တုန်ယင်ကာငိုနေတော့သည်
''Wang Yibo..ဘာဖြစ်ကြတာလဲ..မင်းငါ့သားကိုဘာလုပ်လိုက်တာလဲ''
Xiaoလူကြီးမင်းက အံကြိတ်ကာမေးလေသည်
''ဘာမှမဖြစ်ဘူး ကျုပ်တို့လင်မယားကြားကကိစ္စပါ''
ထိုသို့ခပ်ပြတ်ပြတ် ပြောကာအခန်းပြင်သို့ရှုးရှုးရှားရှားနဲ့ထွက်သွားလေသည်
''ဘာကိုလင်မယားကြားကိစ္စလည်းကွ ငါ့သားတစ်ယောက်လုံးဒီလိုဖြစ်နေတာ... ဟိုကောင်Wang Yibo ငါစကားမဆုံးသေးဘူးကွ''
Xiao လူကြီးမင်း အကြီးကျယ်ဒေါသထွက်နေသော်လည်း Wang Yiboကလှည့်ပင်မကြည့်ပဲထွက်သွားလေသည်။
''ဟာ...တောက်..ဘယ်လိုအရိုင်းစိုင်းကောင်လည်းကွာ''
Xiao Gao Mingကဆက်လိုက်မယ်ပြင်ကာမှာ Mrs.Xiaoကဝင်တားလေသည်
''ဖေကြီး.. စိတ်လျှော့ပါအုံး အဖြစ်ပျက်နဲ့နှာခေါင်းသွေးထွက်လိမ့်မယ် သားကိုလည်းကြည့်ပါအုံး..သားမျက်နှာလည်းရှိသေးတယ်''
''မင်းသားကိုကြည့်နေလို့ပေါ့ မဟုတ်ရင်အစကတည်းကငါနဲ့တွေ့နေပြီ တော်တော်ရိုင်းစိုင်းတဲ့ကောင်... မင်းကရောဘာလို့ငြိမ်ခံနေတာလဲ အခုကတည်းကမိဘအိမ်နေတာတောင်အနိုင်ကျင့်ခံနေရပြီ ကိုယ့်ဟာကိုယ်နေရင်ဘယ်လောက်နှိပ်စက်မလဲမသိဘူး ငါလုပ်မိတော့မှာအဲ့ကောင်ကို''
Gao Mingကသားဖြစ်သူကိုကြည့်ကာစိတ်ဆိုးဒေါသဖြစ်နေမိသည်
''သူ့မိဘတွေသိအောင်တော့ပြောရမှကိုဖြစ်မှာ''
''အသက်သာမပြည့်တာ ရိုင်းစိုင်းလိုက်တာ လွန်ပါလေရော''
''မင်းဘယ်လိုများ အဲ့ဒီလိုကောင်ကို ကြိုက်ခဲ့ရတာလဲ''
Mr Xiao တစ်ယောက် သားဖြစ်သူကိုကြည့်ကာ အပြစ်တင်မိသည်...

Young Boy With His FamilyWhere stories live. Discover now