နှစ်ဖက်မိဘများတွေ့ဆုံခြင်း(3)

1.2K 83 0
                                    

''မေကြီးရေ.....ဒီကိစ္စကိုငါအကြိမ်ကြိမ်စဉ်းစားပြီးဆုံးဖြတ်ထားရတယ် ငါ့သားအတွက်ဆိုတာတစ်ခုတည်းနဲ့စိတ်ကိုအများကြီးလျှော့နေရတယ်ကွာ...''
''ဟူး...ငါ့သားကဘယ်လိုများမိုက်မဲပြီးအဲ့ကလေးကိုသဘောကျသွားရတာလဲ အချိန်တန်ရင် မိန်းကလေးတစ်ယောက်နဲ့လက်ထပ်ပြီး ကလေးတွေနဲ့သာယာတဲ့မိသားစုလေးဖန်တီးနိုင်မယ်ထင်နေတာ ငါပဲမှားနေတာလား  မေကြီးရေ..''

အိပ်ခန်း​ပြတင်းနားမှ အပြင်တစ်နေရာကိုတွေတွေကြီးငေးကာ ​ပြောလာတဲ့အမျိုးသားဖြစ်သူကြောင့် Mrs.Xiaoစိတ်မကောင်းဖြစ်မိသွားသည်
ဒီခင်ပွန်းဟာ သိပ်ကိုမှ အိမ်ထောင်ဦးစီးပီသတဲ့သူတစ်ယောက်... သူ့အပေါ်မှာရော သားသမီးတွေအပေါ်မှာပါ တာဝန်ကျေပွန်လွန်းသူပင်
သူ့တို့သားငယ်လေးမွေးတုန်းက ဒီခင်ပွန်းရောမိမိပါ အင်မတန်စိတ်မကောင်းဖြစ်ခဲ့ရတာ သားငယ်ကိုလုံးဝစိတ်မချဆုံးသူလည်းဖြစ်သည်ကိုး

''ဖေကြီးရယ် ကံစီမံရာပေါ့ ဖေကြီးအမှားမရှိပါဘူး သားရဲ့ဖူးစာကိုကအဲ့ဒီလိုကံပါလာတာကို.. ပြီးတော့ သားမှာလည်းမြေးလေးကရှိနေပြီလေ လက်ထပ်ပွဲကိုအမြန်စီစဥ်ရုံပဲပေါ့''

ခင်ပွန်းဖြစ်သူရဲ့လက်ကိုနွေးထွေးစွာဆုပ်ကိုင်လိုက်ရင်း အားပေးလိုက်သည်

''မနက်ဖန် Wangမိသားစုက လာမြန်းမယ်လို့ပြောလာတယ် မင်္ဂလာပွဲကိုလည်း အမြန်ဆုံးနေ့ကောင်းရက်သာရွေးရမှာမို့တဲ့ ''

''​ပြီးတော့... ဖေကြီးလည်း Wangလူကြီးမင်းနဲ့ ပြန်သင့်မြတ်သင့်နေပါပြီ ငယ်တော့တဲ့အရွယ်တွေလည်းမဟုတ်ဘူးလေ...''

''ဟွန်း...အဲ့ဒီWangမိသားစုအကြောင်းကြားရင်ကိုအလိုလိုခေါင်းကိုက်နေတာ ဘယ်လိုလုပ်သင့်မြတ်နိုင်မလဲ..... ''
Xiao လူကြီးမင်းပိုလို့ပင်စိတ်ရှုတ်မိသည်
အကြောင်းမှာ Wang Ningနဲ့မိမိဟာ လူငယ်ဘဝကမိန်းကလေးတစ်ဦးကိုအတူချစ်ကြိုက်မိရာကစပြီး ပြိုင်ဆိုင်လာခဲ့ကြတဲ့သူတွေ။
ထိုမိန်းကလေးက သူတို့နှစ်ယောက်လုံးကို ပြန်မကြိုက်ခဲ့ပေမဲ့ သူတို့နှစ်ယောက်ကတော့ ဝေးသွားပြီး မိန်မကိုယ်စီအိမ်ထောင်ကျပြီးတာတောင် တစ်ယောက်နဲ့တစ်ယောက်အမြင်မကြည်ကြသေး ဖြစ်ချင်တော့အိမ်နီးနားချင်းအနေဖြင့်ပြန်တွေ့ရာ သူတို့အမျိုးသမီးတွေက တစ်ကျောင်းထဲအတူတက်ခဲ့​ကြတဲ့ ကျောင်းနေဖက်တွေဖြစ်နေပြန်တယ်
ဘယ်လို ရေစက်မှန်းကို မသိတော့ပါ....

Young Boy With His FamilyWhere stories live. Discover now