ခြေမခိုင်အောင် လှမှန်း သိရင်
ပြေးရမှာပေါ့ ဘယ်နှယ့်လုပ်
ပတ်သက်ခဲ့ရတာလဲ ။。。。-𝟏𝟓%
"ဒီမှာဗျ..ခင်ဗျား အထင်လွဲနေပြီ ကျွန်တော် ယောကျာ်းလေးမလို့ ရည်းစားစာမပေးပါနဲ့"
ရောက်လေရာအရပ်မှာ ဗြူတီးရှင်းရတဲ့ ပြဿနာက အဲ့ဒီတစ်ခုပဲရှိတယ်။
မိန်းကလေးနဲ့ မှားမှားပြီး ရည်းစားစကားပြောခံရလေ့ရှိတယ်။ တကယ်တော့ ဗြူတီးက မိန်းကလေးနဲ့အတူကြီးလည်းမဟုတ်ဘူး။
ဖြူဖွေးနေတဲ့ အသားအရည်ကြောင့် မိန်းကလေးလို့ အထင်ခံရတာကတော့ မပြောပလောက်ပေမဲ့ ဗြူတီးက ယောကျာ်းလေးတစ်ယောက်မှန်း သိသာတယ်။ ပြဿနာက ကျားမဝေဝါးပြီး ငမ်းမိရလောက်တဲ့အထိ ဗြူတီးက ချောချောလှလှလူလာဖြစ်နေတာပဲ။
အဲ့ဒါကြောင့်ပဲ ဗြူတီးက အလယ်တန်းလောက်မှာ ယောကျာ်းလေးချည်းရှိတဲ့ ကိုယ်ပိုင်ကျောင်းကို ပြောင်းလာခဲ့တယ်။ အဲ့ဒီမှာ ဇာတ်လမ်းစတယ်။
တစ်ရာမှာ ဆယ်ယောက်ဖြစ်ခဲတဲ့ပုံစံမျိုးနဲ့ ဗြူတီး ဖြောင့်ရာက ဂေးသွားတယ်။ ငါလည်း ဂေးတာပဲ။
စစတုန်းကတော့ ဗြူတီးကို ငါဘယ်လိုမှ ကြည့်မရခဲ့ဘူး။ အဲ့ဒါလည်း မထူးဆန်းဘူး။ ငါနဲ့တည့်တဲ့လူဆိုတာလည်း ရှားတယ်။ ဆရာတွေနဲ့တောင် ငါက တည့်ချင်တာမဟုတ်ဘူး။
ဗြူတီးက ဘယ်သန်ဖြစ်နေလို့ ငါ့နားပို့တော့ ငါက ညာနဲ့ စာမရရအောင် ရေးတယ်။ ဗြူတီးက အဲ့ဒီကနေ ငါ့ကို သတိထားမိသွားတယ်။
အိမ်စာလုပ်ဖို့ အဖွဲ့ဖွဲ့ပေးတော့လည်း ဗြူတီးနဲ့ကျလို့ ငါတစ်ယောက်တည်း လုပ်မယ်ဆိုပြီး ဆရာ့ကို ပြဿနာရှာသေးတယ်။ ဆရာက ငါ့အကြောင်းကောင်းကောင်းသိတယ်။ အဲ့ဒီလိုမဖြစ်ချင်လို့ မဲနှိုက်ခိုင်းခါမှ ဗြူတီးဆိုတဲ့ ကံဇာတာက ငါ့လက်ညှိုးနဲ့ ချိတ်ပြီးသားဖြစ်ပြီး မဲလိပ်ထဲ ပြူးနေအောင် ပါလာခဲ့တာ ဆရာက ဘာတတ်နိုင်တော့မလဲ။
YOU ARE READING
Gosh!! I'm really in love with that guy AGAIN!
FanfictionNo No No! I can bet that I DON'T LIKE HIM! Uh..Gosh! S.O˙˙1522023˙˙ E.O˙˙532023˙˙