တကယ်တော့ ရှင်းပါတယ်
အဲ့ဒီကောင်က ဘာကြီးမှန်းမသိခင်ကတည်းက
သင့်အနေနဲ့ တစ်စုံတစ်ယောက်အတွက်
ဇတ်ညောင်းခံတတ်နေပြီဆို ဒါဟာ အချစ်ပါပဲ ။。。。-∞
မိုးလေဝသမကြည့်ထားပေမဲ့ ဒီနေ့တော့ နေသာပြီး ကောင်းကင်ကြည်လင်မယ်ဆိုတာကို ဗြူတီးဘက်က ပြန်စာတွေကို ကြည့်ရုံနဲ့တင် ငါသိထားတယ်။
ဒီရက်ပိုင်းတွေဟာ ဗြူတီးနဲ့စပြီး ဗြူတီးနဲ့ပြန်ဆုံးခဲ့ရတဲ့ ငါ့ဘဝရဲ့အကောင်းဆုံးဇာတ်ဝင်ခန်းတွေဖြစ်လာတယ်။ ငါတွေးမိပါသေးတယ်။ အတိတ်က ဗြူတီးမှ ဗြူတီးဖြစ်ဖူးပြီး ဒီလိုအရေးပါတဲ့အရာကို နှစ်အတော်ကြာ ပစ်ထားနိုင်တဲ့ ငါက ဘာတွေများ တုံးအမိခဲ့တာပါလိမ့်လို့။
တော်ပါသေးရဲ့။ အချိန်မီတုန်းလေးမှာ ဗြူတီးငါ့ကို လှုပ်နှိုးလိုက်နိုင်ခဲ့တာပဲ။ ငါ့ဘဝမှာ ဘာက အရေးအကြီးဆုံးတာကို ငါသိလိုက်ရပြီးပြီမလို့ လက်ရှိဗြူတီးနဲ့ အရင်လိုပြန်ဖြစ်ခွင့်ရဖို့ကိုပဲ ငါအသည်းအသန်ကြိုးစားနေရတယ်။
စောစောကတည်းက ပေးမယ်ဆုံးဖြတ်ထားတဲ့ လက်စွပ်တစ်ကွင်းကိုလည်း ငါ့အမှားငါနားလည်ပြီးတဲ့နောက်မှာ အချိန်ခဏတာ စောင့်ခိုင်းထားရပြန်တယ်။ ငါ့ရဲ့တစ်ခုတည်းသော အမှားက ဒီလောက် နှစ်လိုဖွယ်ကောင်းတဲ့အရာကို မျက်စိကန်းပြီး လက်လွှတ်ခဲ့တာမလို့လေ။
ဗြူတီးအနေနဲ့ ငါ့ကိုအခွင့်အရေးပေးထားတုန်းဆိုပေမဲ့ ဒါက ငါ့အပြစ်ကိုမေ့ပြီး ချက်ချင်းလှုပ်ရှားလိုက်ဖို့သင့်တဲ့ အချိန်မဟုတ်ဘူး။ အချိန်ကောင်းဆိုတာ ရှိမှာပဲလို့ ငါထင်တယ်။
YOU ARE READING
Gosh!! I'm really in love with that guy AGAIN!
FanfictionNo No No! I can bet that I DON'T LIKE HIM! Uh..Gosh! S.O˙˙1522023˙˙ E.O˙˙532023˙˙