Daily Fact-7

314 49 9
                                    

လမ်းအတူလျှောက်ဖြစ်တဲ့အခါအနောက်မှာ ထားခဲ့ ပြန်လှည့်မကြည့်နဲ့မင်းနောက်က လိုက်လာတာ ကျားထက်ဆိုးတယ်လက်ချင်းဆွဲမိတဲ့အခါ မင်းအပေါ်ကုပ်ကပ်တက်ပြီးတစ်ဘဝစာ ဂုတ်ခွစီးလိမ့်မယ် အဲ့ဒါ အချစ်တဲ့  ။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

လမ်းအတူလျှောက်ဖြစ်တဲ့အခါ
အနောက်မှာ ထားခဲ့ ပြန်လှည့်မကြည့်နဲ့
မင်းနောက်က လိုက်လာတာ ကျားထက်ဆိုးတယ်
လက်ချင်းဆွဲမိတဲ့အခါ မင်းအပေါ်ကုပ်ကပ်တက်ပြီး
တစ်ဘဝစာ ဂုတ်ခွစီးလိမ့်မယ် အဲ့ဒါ အချစ်တဲ့  ။

。。。-𝟏𝟎%

တစ်ပတ်လောက်နေတော့ Apoတို့ ထူထူထောင်ထောင်ရှိလာတယ်။ ငါ့ကို ပုံမှန်အတိုင်း ဗြူတီးအကြောင်းတွေ ပြန်ပြောလာနေပြီ။ အဲ့ဒီကောင် ဘယ်လိုတွေးနေတာလဲ။

တကယ်ကြီး ဗြူတီးကို လုယူမယ်လို့ တွေးနေတာလား?

ဗြူတီးနဲ့ သူနဲ့ တွေ့ဖြစ်ကြသေးတယ်တဲ့။ အဆင်ပြေနေကြတော့ ငါက စိတ်ခုလည်းပဲ ပြောရအခက်သား။ ငါ့ကို BIMပေးပါ့မယ်ဆိုတဲ့ ဗြူတီးကလည်း အဆက်အသွယ်လုပ်လာတာမျိုးမရှိတော့ဘူး။

ငါသူ့ကို အားကိုးနေတာလား။ မဟုတ်ဘူးပဲထင်တယ်။ အနည်းနဲ့အများ ငါဗြူတီးအရည်အချင်းကို ယုံခဲ့ဖူးတယ်လေ။ အခုထိ အဲ့ဒီclientနဲ့ပတ်သက်လို့လည်း ငါဘာမှ မတတ်နိုင်သေးတဲ့အတွက် ရရာမြက်တစ်ပင်ကို ဆွဲထားရမှာပဲဆိုတဲ့ အတွေး ငါ့မှာအပြည့်ရှိတယ်။

အဲ့ဒီမြက်ပင်က ငါ့ရည်းစားဟောင်းဖြစ်နေတော့ရော?Hah!Who cares?

ငါ့ရည်းစားဟောင်းက Professional BIM Architectမလို့ ငါဆွဲထားတာ ဆန်းသလား။ ဆန်းမနေပါနဲ့။ လက်တွေ့ဘဝထဲ ခုန်ဆင်းကြည့်ရအောင်ပါ။

ငါနည်းနည်းလောက် ထပ်စောင့်လိုက်တော့ ဗြူတီးက ငါ့ကို စဆက်သွယ်လာတယ်။ အံ့သြစရာကောင်းလိုက်တာဆိုတာ။ ဒီလောက်ဆက်သွယ်စရာများတဲ့အထဲကမှ ဘာလို့ E-mailနဲ့လဲ။

ဗြူတီးက အဲ့ဒီလို ကိုးလိုးကန့်လန့်တွေ သိပ်လုပ်တတ်တယ်။ social mediaမှာ ငါတို့တစ်ယောက်နဲ့တစ်ယောက် followထားတုန်းဆိုပေမဲ့ အခုထိ conversationနေရာမှာ အစိမ်းသေနေတုန်းပဲ။ ငါကလည်း စိုစိုပြည်ပြည်လေးနဲ့ ရှင်သန်စေချင်နေတယ်ထင်ရင် ဆုတောင်းလေ။

Gosh!! I'm really in love with that guy AGAIN!Where stories live. Discover now