Daily Fact-3

383 52 1
                                    

လက်ခုပ်ဆိုတာ တစ်ဖက်တည်းတီးလည်းမြည်တယ်ဆိုတာ အလှတရားရဲ့ ပါးရိုက်ခြင်းခံရတဲ့ တစ်နေ့ ဒါမှမဟုတ် အချစ်နဲ့ရန်ဖြစ်တဲ့ တစ်နေ့ သိရမှာပါမလောပါနဲ့ မိတ်ဆွေ  ။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

လက်ခုပ်ဆိုတာ တစ်ဖက်တည်းတီးလည်း
မြည်တယ်ဆိုတာ အလှတရားရဲ့ ပါးရိုက်ခြင်း
ခံရတဲ့ တစ်နေ့ ဒါမှမဟုတ် အချစ်နဲ့
ရန်ဖြစ်တဲ့ တစ်နေ့ သိရမှာပါ
မလောပါနဲ့ မိတ်ဆွေ  ။

。。。+𝟓%

ငါ့ဘာသာ နေရင်းထိုင်ရင်း ဘဝက တစ်ဝက်ကျိုးလာတာတောင် လေနေတာနဲ့ ဘာဆိုဘာမှ ရေရေရာရာမသိသေးဘူး။ အချစ်ဆိုတာဘာလဲ။

အချစ်ဆိုတာ ပါးချိုင့်ကလေးတဲ့လေ။

ဒီရက်ပိုင်း Apoဆီက ငါမအားရအောင် ကြားရတဲ့ စကားပေါ့။ Apoက အရမ်းတွေ ဖြစ်ပျက်နေတယ်။

သူဖြစ်ပျက်တာက အရေးမကြီးဘူး။ ငါ့မှာ အနားမရဘူး။ နားလား၊ လူလား၊ အာရုံလား။ ဘာဆိုဘာမှ အနားမရဘူး။

တစ်ခါလာရင် သူဘာကြိုက်တတ်လဲ။ သူ့ဝါသနာကဘာလဲ။ သူဘာကို မုန်းလဲ။ သူဘာကို ဘာကို ဘာကို! ငါတကယ်ပြောနေတာ။ Apoကဘာလဲ။ CEOလား?အလုပ်သမားခေါင်းဆောင်လား? ငါ့ကို အလုပ်ခန့်မှာလား?

ဒါဆိုလည်း ကိုယ်အလုပ်ခန့်မယ့် လူကိုပဲ Interviewရောပေါ့။

ပြောရရင် Apoကငါ့ကို နည်းနည်းမှ သနားညှာတာစိတ်မရှိတာပါ။ ဗြူတီးက ငါ့ရည်းစားဟောင်းဆိုတာနဲ့တင် မရလို့ ငါတို့အဆင်မပြေကြောင်း အရိပ်အမြွက်ပြောပြတာတောင်မှ အတိတ်နဲ့ ပစ္စုပ္ပန်ဆိုတာ အမေ့ဘက်ကအမျိုးနဲ့ အဖေ့ဘက်ကအမျိုးလိုမျိုး သက်သက်စီဖြစ်ကြောင်းပြောပြီး ငါ့ကို နှိပ်ကွပ်တယ်။

ငါလည်းပြောချင်ပါသေးတယ်။ ဒီဘက်ခေတ်မှာ အဖေ့ဘက်က အမျိုးနဲ့ အမေ့ဘက်ကအမျိုး ယူလိုက်လို့ ကိုးလိုးကန့်လန့်တော်သွားတဲ့ အမျိုးဆိုပြီး ရှိသေးကြောင်း။ ဗြူတီးနဲ့ ငါ့ရဲ့ အတိတ်ဆိုတာကလည်း ငါတို့ ပစ္စုပ္ပန်ရဲ့ ကွာရှင်းလင်ယောကျာ်းဟောင်းဆိုတာ Apoနားလည်ဖို့ကောင်းတယ်။

Gosh!! I'm really in love with that guy AGAIN!Where stories live. Discover now