တွယ်နေတဲ့ သံယောဇဉ်ဆိုတာ
ဆယ်ကျော်သက်အချစ်ထက်တောင်
ကပေါက်တိ ကပေါက်ချာနိုင်တာမလို့
တစ်ယောက်ပြီးတစ်ယောက်ချစ် ဖင်ယားပြီး
သံယောဇဉ်တွေ နှောင်ကြိုးတွေ
လုပ်မနေပါနဲ့ မိတ်ဆွေ ။。。。-1𝟎%
"Bibleလာ စကိတ်ကွင်းသွားရအောင်"
မနက်စောစောစီးစီး ရောက်ချလာတဲ့ Apoကို ငါချက်ချင်းလက်ခါပြလိုက်တယ်။ မျက်နှာတစ်ခုလုံး မဲ့ကျသွားတဲ့ အဲ့ကောင်ကို ငါကြည့်ပြီး အာခေါင်ရောက်လက်စ အရည်တွေကို ဖိပြီးမျိုချလိုက်ရတယ်။ ကော်ဖီပြောတာ ကော်ဖီ။
ငါခုနကမှ နိုးလို့ ကော်ဖီသောက်နေတုန်းရှိသေး။ ဒီအချိန်ဆို အိပ်မက်မက်ကောင်းရုံပဲ ရှိဦးမယ့် Apoက ကျားသားမိုးကြိုး ရောက်လာတယ်ဆိုကတည်းက ငါခံစားချက်မကောင်းတော့ဘူး။
"မင်းဟာကလည်းကွာ မမိုက်ပါဘူး!နားရက်လေးတောင် ငါ့ကို အဖော်မလုပ်ပေးချင်ဘူး!"
"မင်းဘိုးအေကို အဖော်မလုပ်ပေးချင်တာလား!!"
ငါဖိအော်လိုက်တော့ အရှေ့ကကောင်က ပြူးတူးပြဲတဲပါဖြစ်သွားတယ်။ ဒင်းလန့်တာလည်း မပြောပါနဲ့။ အဲ့ဒီApoရဲ့ လိုချင်တာမရလို့ ဘီလူးတစ်ကောင် ခြေဆောင့်နှုတ်ခမ်းဆူသလို ရုပ်မျိုးကို ငါမှသည်းမခံနိုင်တာ။
အတော်စိတ်ရှုပ်သွားတာမို့ ကြုံးအော်လိုက်တာ။ ငါ့Imageတောင်ကျသေးတယ်။ ငါချောင်းဟန့်လိုက်တယ်။ အဲ့ဒီကောင် ငါ့ကို ပါးစပ်အဟောင်းသားငေးနေတာ မရပ်ခင် မကြည်သလို ကြည့်ပြီး ပိတ်ပြောပစ်လိုက်တယ်။
"တစ်ပတ်လုံးလုံး ငါအနားရတဲ့ရက်ရှိလားပြော!အဲ့ဒါကလည်း မင်းနောက် ငါတကောက်ကောက်လိုက်နေရလို့လေ..ဒါကို နားရက်လေးတောင် မင်းနားမရှိချင်ဘူးဆိုတော့ Apoငါက မင်းရင်ခွင်ပိုက်ကလေးမလို့လား!"
YOU ARE READING
Gosh!! I'm really in love with that guy AGAIN!
FanfictionNo No No! I can bet that I DON'T LIKE HIM! Uh..Gosh! S.O˙˙1522023˙˙ E.O˙˙532023˙˙