Ice tubeတွေ အရည်ပျော်ရင် အသံတိတ်ပဲ
အသည်းနှလုံး အချစ်မှာ ပျော်ရင်
ရင်ခွင်နားနီး ပတ်ဝန်းကျင်မှာ မုန်တိုင်းကျသလို
ဆူညံတတ်ပါတယ် မိတ်ဆွေ ။。。。-𝟎.𝟏%
buildurluve added to their story.
နိုတီ မြင်မြင်ချင်း ဣန္ဒြေတောင်မဆည်နိုင်တော့တဲ့ငါက လွန်ခဲ့တဲ့ ဆယ့်ငါးမိနစ်လောက်ကတည်းက ဗြူတီးအကောင့်ကို ဖွင့်လျက်သား ဖုန်းကို အလုပ်စားပွဲပေါ်တင်ထားခဲ့တာ။
ဒီလိုဖြစ်လာမယ်မထင်ထားပေမဲ့ တိုက်ဆိုင်တယ်ဆိုတာ ကောင်းတဲ့အရာပဲ။ ငါချက်ချင်းဆိုသလို သွားတွေအကုန်ဖော်ပစ်လိုက်ပြီး လက်ထဲက touch penကို ငါးလွှတ်ငှက်လွှတ်သလို ပစ်ချလိုက်တယ်။
လက်ဆစ်တွေဘာတွေ ထချိုးပြီး တဖူးဖူးလေမှုတ်နေတဲ့ငါ့ကို အဖွဲ့ဝင်တွေက မသင်္ကာသလို လည်ပြန်လှည့်ကြည့်ကုန်တယ်။
ခုနကတည်းက စိတ်အပြည့်မပါဘဲ လုပ်နေတဲ့အလုပ်တွေကို ကျောခိုင်းလိုက်ပြီး အစိမ်းရောင်အဝိုင်းကလေးပေါ်နေတဲ့ ဗြူတီးprofileကို နှိပ်လိုက်တယ်။ storyတွေကို close friendနဲ့တင်တတ်သွားတာ ငါနဲ့ဗြူတီးစတွဲကတည်းကထင်တယ်။
ဒါပေမဲ့ငါနဲ့ပြတ်ပြီးနောက်ပိုင်းတော့ ဗြူတီးက publicနဲ့ပဲဘာနေနေ တင်တယ်။ ငါစိတ်ဆိုးပြီး လှည့်မကြည့်တော့ဘူး ဆုံးဖြတ်ပစ်ခဲ့သေးတယ်။ ဗြူတီးကတော့ အဲ့နေ့ကစပြီး publicနဲ့တင်နေဆဲပဲ။ ငါ့ကိုclose friendထဲက ဖြုတ်ခဲ့မဖြုတ်ခဲ့တော့ ငါမသိပေမဲ့ အခုတော့ ငါက ဗြူတီးclose friendထဲ ရှိသွားပြန်တာပဲ!
ဒါလေးနဲ့တင် ကလိကလိဖြစ်ပြီး သွားတွေပေါ်ကုန်ပြန်တဲ့ ငါ့အဖြစ်က ရုံးခန်းရဲ့ ဝိုင်ဖိုင်လိုင်းဆွဲအားကောင်းလွန်းလို့ အတော်ကြာမှ ပေါ်လာတဲ့ ဗြူတီးပုံကိုအမြင်မှာ ပိုဆိုးသွားရတယ်။
YOU ARE READING
Gosh!! I'm really in love with that guy AGAIN!
FanfictionNo No No! I can bet that I DON'T LIKE HIM! Uh..Gosh! S.O˙˙1522023˙˙ E.O˙˙532023˙˙