Daily Fact-10

355 45 10
                                    

တကယ်တမ်းတော့ အချစ်ကအချစ်ဟောင်းဆိုတာတောင်မှတ်မထားနိုင်အောင် ဦးနှောက်မဲ့တဲ့ကောင်  ။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

တကယ်တမ်းတော့ အချစ်က
အချစ်ဟောင်းဆိုတာတောင်
မှတ်မထားနိုင်အောင် ဦးနှောက်မဲ့တဲ့ကောင်  ။

。。。+0.𝟏%

အဲ့ဒီအချိန်မှာ ငါ့အာရုံထဲရှိနေတာက အလန့်တကြား ဖိပိတ်လိုက်တဲ့ နူးနူးညံ့ညံ့အရာတစ်ခုကိုပဲ။ ငါကိုယ်တိုင် မူးနောက်သွားပြီး ပူရှိမ်းနံ့ပြင်းပြင်းနောက်ကို အမြီးနှံ့ပြီး ကောက်ကောက်ပါအောင် လိုက်တဲ့ခွေးတစ်ကောင်လို ငါပြုမူမိသွားတာ။

ပူပူနွေးနွေးအထိအတွေ့နောက်ကို ငါကပ်တွယ်နေမိတော့ ငါ့ရှေ့က လူက တုန်ယင်လာတယ်။ နောက်ဆုံးမှာ အသိစိတ်မကပ်အောင်ဖြစ်နေတဲ့ ငါ့လျှာဖျားထိပ်က လက်လျှော့လိုက်တဲ့ နှုတ်ခမ်းဖျားကြားကို တိုးဝင်သွားပြီး ငါရှာဖွေနေတဲ့ ပူရှိမ်းအရသာနဲ့ ပိုနီးစပ်သွားတယ်။ ငါဘယ်ကတည်းက မျက်လုံးမှိတ်လိုက်မိတာလဲ။

ဟင်!

မျက်လုံးကို ဖွင့်လိုက်မိတော့ အရာအားလုံးက ရှင်းလင်းသွားတာပဲ။ ဖိမှိတ်ထားတဲ့ ဗြူတီးမျက်တောင်တွေက တဆတ်ဆတ်တုန်နေတုန်းပဲ။ ရုတ်တရက် ကွဲကွာသွားတဲ့ နှုတ်ခမ်းနှစ်စုံနောက်မှာတောင် ဗြူတီးက အဲ့ဒီအတိုင်းငြိမ်သက်နေတယ်။

ငါသေအောင် ထိတ်လန့်သွားပေမဲ့ ငါ့နှုတ်ခမ်းဖျားကို ရိုက်ခတ်နေတဲ့ ပူပူနွေးနွေးလေတွေကြောင့် ရူးသွားတော့မလိုတောင် ခံစားရတယ်။ ငါ..

ငါ့ရဲ့ ဗြူတီးကို မချစ်ဘူးဆိုတဲ့ ရာနှုန်းပြည့် ခိုင်လုံမှုက ကုန်သွားတာ?

ငါဗြူတီးကို တကယ်ကြီး ကြိုက်မိပြန်ပြီပေါ့!

"ဗြူတီး..ငါ!"

Gosh!! I'm really in love with that guy AGAIN!Where stories live. Discover now