အမေမွေးပေးကတည်းက
နှလုံးတစ်ခုတည်းပဲ ပါလာတာမဟုတ်ဘူးလေ
သူ့ဘာသာ နေရင်းထိုင်ရင်း ကျောက်ကပ်မကလို့
အဆုတ်ထဲ ဝင်ရင်ဝင်ပါ အချစ်ဆိုတဲ့ကောင်ကို
နှလုံးသားထဲတော့ check inလုပ်ခွင့်မပေးနဲ့ ။。。。-𝟏𝟎%
အိပ်မက်ထဲထိ အချစ်ဦးပါလာရင် ကံကောင်းတတ်တယ်ဆို။ အိပ်မက်ထဲ ရည်းစားဟောင်းပါလာရင်ကျ ကောင်းတာလား။ မကောင်းတာလား။
ငါ့အတွက်ကျ အချစ်ဦးရော ရည်းစားဟောင်းရောက တစ်ယောက်တည်းဆိုတော့ အနုတ်လား အပေါင်းလား မသဲကွဲတဲ့အခြေအနေမှာ လက္ခဏာဆရာလည်း ကူမနိုင်ကယ်မနိုင်ဖြစ်တာပဲ။
"မင်းက ရည်းစားဟောင်းဆိုတာကြီးကို အစွဲကြီးနေတာမဟုတ်ဘူးလား..တစ်ချိန်တုန်းက ချစ်ခဲ့တာပဲ ဘာလို့ အခုမှ အရေးတယူလုပ်ပြီး ခါးသီးနေတာလဲ ငါ့ညီရ" ဆိုတဲ့ P'Joစကားကို ငါကတော့ ဟုတ်တယ်ဆိုပြီးလည်း ခေါင်းမညိတ်ချင်ဘူး။
ဗြူတီးအကြောင်း ကောင်းကောင်းသိခဲ့တဲ့ ငါ့အစ်ကိုက ငါ့ဘက်က အပြည့်အဝရပ်တည်တာမျိုးမရှိခဲ့လို့ အခုလိုပြောတာလို့ပဲ ငါက ယူဆတယ်။
ငါ့မွေးရပ်မြေကို ငါပြန်လာဖြစ်တာမလို့ Apoဒုက္ခစက်ကွင်းကလွတ်ပြီး ဗြူတီးဆိုတဲ့ ဖြစ်တည်မှုနဲ့ ဝေးနေတာ ကြာပေါ့။ အေးရာအေးကြောင်း ငါအတော်ကြာအောင် နေဖြစ်တယ်။
ဒါပေမဲ့ အဲ့ဒီနှစ်ယောက်က ငါ့ကို အခုထိ အလွတ်မပေးသေးပါဘူး။ Apoကနေ့တိုင်းနီးပါး နားပူနားဆာလုပ်ဖို့ ယောင်လည်လည်နဲ့ ငါ့ဆီ ဖုန်းတွေဆက်တယ်။ သိချင်တာမေးရဖို့အရေး ငါ့ကို ဟိုလိုဒီလိုတွေ အစ်မယ်အောက်မယ်။ အဆုံးကျ ဗြူတီးနဲ့ ပတ်သက်တာတွေချည်းပဲ။
YOU ARE READING
Gosh!! I'm really in love with that guy AGAIN!
FanfictionNo No No! I can bet that I DON'T LIKE HIM! Uh..Gosh! S.O˙˙1522023˙˙ E.O˙˙532023˙˙