မျက်စိမမှိတ်နဲ့ နားကိုပိတ်
အချစ်ဆိုတာ မင်းကိုယ်တိုင်ရယ်မိတဲ့အခါ
မသိလိုက်မသိဘာသာ ပါလာတာ ။。。。-𝟐𝟎%
သာမန်လို နားအေးနေတဲ့ ညနေခင်းတစ်ခုမှာပေါ့။ ငါဧည့်ခန်းအလယ်က စားပွဲရှေ့မှာ ခြေဆင်းထိုင်ရင်း စီးကရက်ကို လက်ချောင်းကြားညှပ်ပြီး designတစ်ခုကို ကြည့်နေတယ်။
နားအေးဆို ဒီရက်ပိုင်းထဲ Apoတစ်ကောင် ခြေငြိမ်နေတယ်။ ဗြူတီးနဲ့ ပတ်သက်ပြီး ငါ့ကို စကားသိပ်မဟတော့တာ အဲ့ဒီညနေပိုင်းက သူများမိသားစုဆို ပင့်ကူအိမ်လောက်တောင် မင်းဖြိုရဲလို့လားလို့ မေးလိုက်တဲ့ငါ့ကြောင့်လည်း ဖြစ်ရင်ဖြစ်လိမ့်မယ်။ ဒါမှမဟုတ် Apoတစ်ယောက် ငါ့သတိပေးစကားကို နားမလည်တာလည်းနေမှာပေါ့။
အဲ့ဒီကောင်က ငတုံး။ နားလည်သွားခဲ့ရင်တောင် Seventy Percentလောက်က အမှောင့်တိုက်ပြီး ဗြူတီးကို ဖြတ်ယူမယ်ဆိုပြီး planတွေဆွဲရင်ဆွဲနေမှာ။
ငါပြောတဲ့အထဲမှာတော့ လွန်သွားတာ မပါဘူး။ ငါမြင်ခဲ့ရတာက အများအမြင်မှာတော့ မိသားစုမြင်ကွင်းနဲ့ပိုတူနေသလားလို့။ ငါကြာကြာတောင် မကြည့်တော့ဘဲ Apoကို ဖုန်းဆက်ပြီး လှမ်းပြောလိုက်တော့တာ။
Apoက ငါ့ကို ပြန်ပြောတယ်။
"ဟမ်!"
အဲ့ဒီ စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းတဲ့ တုံ့ပြန်မှုကြောင့်ပဲ ငါတစ်ခွန်းတည်းပြောပြီးတာနဲ့ ဖုန်းချလိုက်တယ်။ အဲ့ဒီကတည်းက Apoငါ့ဆီ ဘာမှ အကြောင်းမကြားတော့တာပဲ။
ဘာပဲပြောပြော ငါ့အတွက်တော့ အာရုံနောက်တာပဲ သက်သာတယ်။ ဗြူတီးနဲ့ ပတ်သက်ပြီး အတွေးများတာမျိုးလည်း သိပ်မရှိတော့ဘူး။ တစ်ခါတစ်လေတော့ ထုံးစံနဲ့ ခေါင်းထဲဝင်လာတတ်ပေမဲ့ပေါ့။ ငါနဲ့ ဆိုင်တာမဟုတ်ဘူးလေ။
YOU ARE READING
Gosh!! I'm really in love with that guy AGAIN!
FanfictionNo No No! I can bet that I DON'T LIKE HIM! Uh..Gosh! S.O˙˙1522023˙˙ E.O˙˙532023˙˙