ပီကေတွေ အရသာခမ်းသွားလည်းပဲ
လက်မလွှတ်နိုင်သေးရင် သေချာပါတယ်
မိတ်ဆွေ ခင်ဗျား ချစ်မိဖို့
စက္ကန့်ပိုင်းပဲ လိုတော့တယ် ။。。。-𝟑𝟎%
ငါ့ဆီမှာ ခဏနေမယ်ဆိုပြီး နှစ်ပတ်တာ သောင်တင်သွားတဲ့ P'Joကို ငါလေဆိပ်လိုက်ပို့တဲ့အချိန်မှာ P'Joကို ငါ့ထက် တွယ်တာနေတဲ့ ဗြူတီးတစ်ယောက် လေဆိပ်ထိ ပါလာခဲ့တယ်။
တစ်ကားလုံးလည်း သူတို့အသံချည်းဖြစ်နေတဲ့အခါ ငါအနိုင်မခံအရှုံးမပေး သီချင်းသံကျယ်ကျယ်ဖွင့်ထားလိုက်တော့ ဗြူတီးတစ်ယောက် ငါ့ကို လှမ်းကြည့်လာပြီး နောက်ကြည့်မှန်ပေါ်မှာ ငါတို့အကြည့်တွေ ခဏတာဆုံသွားသေးတယ်။
ခုနက ပတ်ဝန်းကျင်ကို ဂရုမစိုက်ဘဲ သီချင်းကို အသံဆိုးနဲ့လိုက်ဟစ်နေတဲ့ ငါဆိုတာလည်း ချက်ချင်းငြိမ်ကျသွားခဲ့တာ။ ဗြူတီးအကြည့်က ဗြုန်းစားဆန်ပေမဲ့ ငါကလည်း ဘာလို့ သွားကြည့်မိလိုက်ပါသလဲ။
လမ်းကိုအလွတ်ရသလိုမျိုး အရှေ့ကို အာရုံမရှိတဲ့ငါ့ကို ငါ့ဘေးခုံက P'Joကလည်း မြင်ပါလျက် ငါမောင်းလာတဲ့ကား နီနေတဲ့ မီးပွိုင့်ကို ကျော်မသွားခင်ကျမှ လက်မတင်လေး ကယ်တင်သွားတယ်။
"Red Light..Red Light!Bible"
အဲ့ဒီတော့မှ ငါဆိုတဲ့ သောက်ကျိုးနည်းကောင်ကလည်း ကားနဲ့အတူ မိုးမမြင်လေမမြင်နေတာကိုပါ ဘရိတ်အုပ်ရပ်တန့်လိုက်ရပြီး ရင်တွေဘာတွေပါတုန်ရသေးတယ်။ အရှေ့တည့်တည့်မှာ ဒါဇင်နဲ့ချီအောင် ဖြတ်သွားတဲ့ ကားတွေကိုကြည့်ပြီး ငါရင်မတုန်ရင်လည်း မဟုတ်တော့ဘူးလေ။
အထိတ်တလန့်ဖြစ်သွားတဲ့ ဗြူတီးကလည်း အဲ့ဒီတော့မှ ငါ့ထက်အရင် အကြည့်လွှဲသွားခဲ့တာဆိုပေမဲ့ ငါနေရင်းထိုင်ရင်း မျက်နှာက ပူလာတယ်။ ဘေးက P'Joကတော့ God Bless meတွေ ဘာတွေ ထမလုပ်ရုံတမည်။
YOU ARE READING
Gosh!! I'm really in love with that guy AGAIN!
FanficNo No No! I can bet that I DON'T LIKE HIM! Uh..Gosh! S.O˙˙1522023˙˙ E.O˙˙532023˙˙