အချစ်ဆိုတာ တကယ်တော့
ရှေးဘဝက ငွေကြိုရှင်းလိုက်လို့
ရောက်လာတဲ့ အိမ်တိုင်ရာရောက်
deliveryစနစ်ပါတဲ့ ကံကြမ္မာရောင်းဝယ်ရေးပစ္စည်း ။。。。
"ငါကောင်လေးတစ်ယောက်နဲ့ တွေ့ခဲ့တယ်"
နားထဲ ဝင်လာတဲ့ အဲ့ဒီအသံကြောင့် စိတ်ရှုပ်ရပေမဲ့ ငါအတတ်နိုင်ဆုံး အမှုအမှတ်မဲ့ထားလိုက်တယ်။ ဒီနေရာမှာ ငါကြာကြာထိုင်နေဖို့ မလိုဘူးဆိုတဲ့ အတွေးကောင်းလေးနဲ့ပေါ့။
ဒါပေမဲ့ ငါနဲ့ ချိန်းထားတဲ့ သူငယ်ချင်းက လိုတာထက်ပိုနောက်ကျပြီး ငါမကြိုက်တဲ့နေရာမျိုးမှာ အသံကျယ်ကျယ်နဲ့ စကားပြောဆိုနေတဲ့လူနဲ့ အချိန်အကုန်ခံ ကျောချင်းကပ်ထိုင်ဖို့ ကံပါလာလိမ့်မယ်လို့မထင်ထားဘူး။
အထူးသဖြင့် တစ်ဖက်က ပြန်ဖြေသံကို ငါအာရုံစိုက်ဖို့ ဖြစ်လာလိမ့်မယ်လို့ ပိုလို့တောင် မထင်ထားခဲ့ရပါဘူး။
"အဲ့တော့"
ခပ်ချေချေရေရွတ်သံကြောင့် ငါခေါင်းတစ်ချက်ထောင်သွားမိတယ်။ ဒီအသံက ငါနဲ့အတော်လေးရင်းနှီးနေတယ်။ မဟုတ်ဘူး။
ဘယ်သူဆိုတာကို ငါသိနေတယ်။
မကောင်းတတ်လို့ ငါဆက်နားမထောင်ဖို့ ဆုံးဖြတ်လိုက်တယ်။ ဒါငါနဲ့ဆိုင်တဲ့ အကြောင်းအရာလည်းမဟုတ်။ ဒါပေမဲ့ နောက်ဆက်တွဲ စကားတွေကြောင့် ငါမျက်လုံးတွေပြူးကုန်တယ်။
"Bible!မင်းငါ့ကို သူနဲ့ အောင်သွယ်ပေးပါလား"
"မလုပ်ပေးချင်ပါဘူး..ဗြူ..အဟမ်း Buildက ငါ့ရည်းစားဟောင်းဖြစ်ခဲ့ဖူးတယ်"
YOU ARE READING
Gosh!! I'm really in love with that guy AGAIN!
FanfictionNo No No! I can bet that I DON'T LIKE HIM! Uh..Gosh! S.O˙˙1522023˙˙ E.O˙˙532023˙˙