"ကိုကို"
ဘွဲ့ကိုမြင်တာနဲ့ ပြုံးပြလာသလို လူကလဲ ဘွဲ့အနားကိုရောက်လာတော့တယ် သူ့မူပိုင် ချုသံလေးတွေ ဆူညံနေပြီးတော့ပေါ့
"ဆရာကိုကို ကိုရိပ်လေးကလွမ်းနေတာ"
အသံလေးကထွက်လာသလို ဘွဲ့ကိုလည်းသူ့အပိုင်ထင်နေလားမသိဘူး ဘွဲ့လက်မောင်းကို အတင်းလာဖက်တွယ်နေတော့တယ်
"ဆရာကိုကို ဒီမှာထိုင်"
ဘွဲ့ စပ်စလူးလေးပြောတဲ့နေရာမှာထိုင်ပြီး စားပွဲဝိုင်းကလူတွေကိုကြည့်လိုက်တော့ ဟိုကျောင်းတက်ခါစက စပ်စလူးလေးနားမှာတွေ့ဖူးတဲ့ လူကိုတွေ့လိုက်ကတာမလို့ စိတ်ထဲအလိုမကျသလိုဖြစ်သွားတော့တယ်
"ရိပ်လေး အဲဒါမစားရဘူးလေ မတည့်ဘူးလေ အရမ်းစပ်တယ် ပြီးရင်ဗိုက်အောင့်အုံးမယ်"
"ရိပ်လေးစားဖို့မဟုတ်ဘူး ကိုကြီး ကိုကိုက အစပ်ကြိုက်လို့ထည့်ပေးမလို့"
"အင်း ဖြည်းဖြည်းစား အစားကိုအာရုံစိုက်ထားအုံး"
"ဟုတ်ကဲ့ ကိုကြီး"
"လွန်းလည်းစားအုံးလေ ရိပ်လေးက ကလေးမဟုတ်တော့ပါဘူး"
"ကလေးမဟုတ်လို့ပေါ့ အသွင် ကလေးဆိုရင် အဲလိုပုံမျိုးနဲ့ ခနခန အရိုက်ခံနေရပြီ"
"ကိုကြီးကလဲ"
"ကိုကို့ ကိုမိတ်ဆက်ပေးရအုံးမယ် ဒါက ရိပ်လေးရဲ့အစ်ကို ချစ်လွန်းအားမာန်တဲ့"
အစ်ကိုဆိုတဲ့ စကားလေးက ဘာလို့မှန်းမသိပဲ ဘွဲ့ရဲ့ စိတ်ထဲအေးချမ်းသွားတော့တယ်
"ကိုကြီး ဒါက ရိပ်လေးရဲ့ဆရာကိုကို ဘုန်းဘွဲ့အလင်္ကာ တဲ့ နောက်လည်းမိသားစုတခုတည်းဖြစ် တော့မှာဆိုတော့ ခုကတည်းကရင်းနှီးအောင် မိတ်ဆက်ပေးထားတာ"
အဟွတ် ဟွတ် ဟွတ် ဟွတ်
စပ်စလူးလေးစကားကြောင့် ဘွဲ့မှာ သောက်နေတဲ့ ရေနွေးတောင်သီးသွားပြီး ချောင်းတွေ တဟွတ်ဟွတ် ထဆိုးတော့တယ်
YOU ARE READING
Love story of Encyclopedic Leaf
Romanceဆရာ ကိုကိုနဲ့ တပညိ့ ဘေဘီတို့ကြားက အချစ်သံစဉ်တစ်ပုဒ်ပါပဲ ဆရာ ကိုကိုနဲ့ တပညိ့ ဘဘေီတို့ကွားက အချစ်သံစဉ်တစ်ပုဒ်ပါပဲ