"အရာအားလုံးအတွက် ကျေးဇူးတင်ပါတယ် အဒေါ်"
"မင်းတို့ရဲ့ ချစ်ခြင်းတွေက အရမ်းခိုင်မာနေလို့ နတ်ဘုရားတွေရဲ့ ကောင်းချီးကိုခံစားရတာပါ အဒေါ်ဘာမှ မလုပ်ပေးခဲ့ပါဘူး"
"ဘာပဲဖြစ်ဖြစ် ခုလိုလာတွေ့ပေးတာကိုပဲ ကျေးဇူးတင်လှပါပြီ"
"သွားခွင့်ပြုပါအုံး အရှင်"
"ကောင်းပါပြီ"
ဘွဲ့နဲ့ babyတို့ တစ်ခါက သွားတွေ့ခဲ့တဲ့ နတ်ဝင်သည်အဒေါ် ထွက်သွားတာကိုကြည့်ပြီး ဘွဲ့ ရိပ်လေး လက်ကိုဆုပ်ကိုင်လိုက်ရင်း အမာရွတ်လေးထင်းနေတဲ့ လက်ကောက်ဝတ်လေးကို ငုံ့နမ်း လိုက်မိတော့တယ်
"နောက်ခါ အဲလိုရူးမိုက်မှုတွေ မလုပ်ပါနဲ့ ကလေးရယ်"
"အဲအကြောင်းတွေပြောရင် babyက ကိုကို့ကို ပြောရမှာပဲ ကိုကို့ကို babyအရမ်းစိတ်ဆိုးတာပဲ babyစကားကိုလည်း ဘယ်တော့မှအရေးမစိုက်ဘူး
"ဘာလို့လဲကလေးရဲ့ ကိုကိုဘာလုပ်မိလို့လဲ"
"ဘာလုပ်မိလို့လဲ ဟုတ်လား ကိုကို ဘာလို့ ကိုယ့်ကိုယ်ကိုသတ်သေတာလဲ ဘာလို့ ကိုကို့အသက်နဲ့ babyအသက်ကိုလဲဖို့ ကြိုးစားခဲ့တာလဲ ပြောလေ"
ဆေးရုံကုတင်ပေါ်မှာ လှဲနေရာကနေ ထလာပြီး ဘွဲ့ရင်ဘတ်ကို ထုလိုက် ငိုလိုက် ပြောလိုက်လုပ်နေတဲ့ babyလေးက တကယ်ကို ဝမ်းနည်းနေသလိုပဲ
"ပြောလေ ကိုကို ပြောလေ baby ကို အဲလိုထားခဲ့ဖို့ ကိုကို ကြံစည်ရက်တယ် ကိုကို မရှိရင် babyက အသက်ရှင်ရက်နေနိုင်မယ်လို့များ ကိုကိုထင်နေတာလား"
"ကလေးရယ် ကိုကို မှားသွားပါတယ် တောင်းပန်ပါတယ် တောင်းပန်ပါတယ်နော်"
အသံကျယ်ကြီး ငိုပြီး ဘွဲ့ကို အတင်းဖက်တွယ်လာတဲ့ babyကြောင့် ဘွဲ့အရမ်းကို စိတ်မကောင်း ဖြစ်မိတော့တယ် အဲနေ့ကသာ babyအသက်ကို မကယ်နိုင်ခဲ့ရင် ဘွဲ့တစ်ကယ်ကို ရူးတော့မှာ
YOU ARE READING
Love story of Encyclopedic Leaf
Romanceဆရာ ကိုကိုနဲ့ တပညိ့ ဘေဘီတို့ကြားက အချစ်သံစဉ်တစ်ပုဒ်ပါပဲ ဆရာ ကိုကိုနဲ့ တပညိ့ ဘဘေီတို့ကွားက အချစ်သံစဉ်တစ်ပုဒ်ပါပဲ