"ကိုကို ရုပ်ရှင်လိုက်ပြ"
မနက်က ကိစ္စတွေ ပြီးသွားတော့ ကိုကိုက ရိပ်လေးကို ဖက်ထားပြီး နှစ်ယောက်တူတူ ကုတင်ပေါ်မှာ လှဲနေလိုက်တော့တယ် ရိပ်လေးက ကိုကို လက်မောင်းပေါ် ခေါင်းလေးအုံးရင်းပေါ့ ကိုကိုက ရိပ်လေး ဆံပင်တွေကို ဖွရင်း
"ဘာဇာတ်ကားကြည့်ချင်လို့လဲ babyက"
"ဘာဇာတ်ကားရယ်မဟုတ်ပါဘူး ကိုကိုနဲ့တူတူ ရုပ်ရှင်ကြည့်ချင်တာ"
"သွားကြတာပေါ့ ကိုကို ဘာဇာတ်ကားတွေ ပြနေလဲ ကြည့်လိုက်အုံးမယ် Royal garden မှာပဲကြည့်မယ်မလား"
"ဟုတ် ကိုကို ကိုကို့သဘော"
ကိုကိုက ရိပ်လေးကို ဖက်ထားရင်း ဖုန်းထဲကနေ royal gardenက ဘာဇာတ်ကားတွေ တင်နေလဲကိုရှာကြည့်နေတော့တယ် royal gardenက ဒီနိုင်ငံမှာဆို အကြီးမားဆုံးနဲ့ facilityအကောင်းဆုံး ရုပ်ရှင်ရုံကြီးလေ
"Baby zombieလို ကားမျိုးကြည့်ရဲ့လား"
"ကိုကိုရှိရင် ဘယ်ဇာတ်ကားမဆိုကြည့်ရဲတယ်"
"အတတ်လေး"
ကိုကိုက ရိပ်လေး နှာခေါင်းကို ဖွဖွဆွဲရင်းပြောလိုက်တာမလို့ ရိပ်လေး ရီလိုက်မိတော့တယ်
"ကိုကို ရိုးရိုးတန်းလက်မှတ်ဝယ်ပေးနော်"
"ဘာလို့လဲ ကလေး"
"ခုတလော royal gardenက ရိုးရိုးတနိးရုပ်ရှင်ရုံတွေဖက်မှာ ဝန်ထမ်းတွေ အလုပ်မလုပ်ဘူး ဆိုတဲ့ အသံတွေထွက်နေလို့"
Babyစကားကြောင့် ဘွဲ့ပြုံးလိုက်မိတော့တယ် ဘွဲ့က babyကို ကလေးလေးလိုသဘောထားနေတဲ့အချိန်မှာ babyကတော့ မိဘလုပ်ငန်းကို စိတ်ဝင်စားတဲ့ လူကြီးပေါက်စလေးဖြစ်နေပြီလေ royal gardenက babyတို့ပိုင်ဆိုင်မှုဆိုတော့ CEOပေါက်စလေးက သွားစစ်ဆေးချင်နေပြီလေ
"ဟုတ်ပါပြီ CEOပေါက်စလေးရယ် ချစ်သူနဲ့dateတာတောင် အလုပ်ကလုပ်ချင်သေးတယ်"
STAI LEGGENDO
Love story of Encyclopedic Leaf
Storie d'amoreဆရာ ကိုကိုနဲ့ တပညိ့ ဘေဘီတို့ကြားက အချစ်သံစဉ်တစ်ပုဒ်ပါပဲ ဆရာ ကိုကိုနဲ့ တပညိ့ ဘဘေီတို့ကွားက အချစ်သံစဉ်တစ်ပုဒ်ပါပဲ