"မပြန်ချင်သေးဘူးလေ ကိုကိုရယ် ကိုကိုပြောတော့ ကလောရဲ့ view pointမှာ မနက်နေထွက်တာ လိုက်ပို့မယ်ဆို ပြီးတော့ ကလောဈေးလည်း သွားအုံးမယ်လေ အင်းလေးလည်း လိုက်ပို့မယ်ဆို"
"မဟုတ်ဘူးလေ ကလေးရဲ့ အဲဒါတွေက နောက်မှ တစ်ခေါက်ထပ်လိုက်ပို့မယ်လေ ခုက ကလေးကျန်း မာရေးက အရေးကြီးတာမလို့လေ"
"ကိုကို ခုbabyအဲ့အကြောင်းအရာတွေကိုမေ့ထားပြီးတော့ ကိုကိုနဲ့လျှောက်လည်ချင်တယ် တူတူပျော်ချင်တယ်"
"ကိုကိုလည်းသိထားတာပဲ ခုကျန်းမာရေးအခြေအနေဆိုတာ babyအတွက် သတ်မှတ်ထားတဲ့ ကံတရားဆိုတာ"
"Babyကလည်း ကုလို့ရပါတယ်"
"ကိုကို baby ငယ်ငယ်လေးကတည်းက သေခြင်း တရားနဲ့ ရင်ဆိုင်ခဲ့ရပြီသားမလို့ babyမကြောက်ဘူး ကိုကို babyအတ္တကြီးတယ်လို့ပြောပြော babyမရှိတော့ရင်တောင် ကိုကို့ကို babyနဲ့တူတူ ပျော်ရွှင်ခဲ့တဲ့ အမှတ်တရတွေကို ပေးထားခဲ့ချင်တယ် ကိုကို့ ဘဝမှာ babyကိုမမေ့နိုင်အောင် တံဆိပ်ခတ်သွားချင်တယ် ကိုကို"
"Babyရယ် ကလေးက ကိုကို့ရဲ့ ဟိုအနက်ရှိုင်းဆုံး နေရာမှာရှိထားပြီးသားမလို့ babyကိုမေ့ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ပါဘူး ကလေးရယ်"
"အဲဒါဆို လျှောက်လည်ကြမယ်နော်"
"ဒါပင်မယ့်"
"သုံးရက်ပဲလေ သုံးရက်ပဲတူတူလျှောက်လည်ကြမယ်လေ"
လက်လေးသုံးချောင်းထောင်ပြီး ဘွဲ့မျက်နှာကို မော့ကြည့်လာတဲ့ မျက်ဝန်းလေးကြောင့် ဘွဲ့မှာ ခေါင်းငြိမ့်လိုက်ရတော့တယ်
"ဟီး အဲဒါကြောင့် ကိုကို့ ကိုအချစ်ပိုရတာ"
ပါးပြင်ကို ထိလာတဲ့နှုတ်ခမ်းလေးကြောင့် ဘွဲ့ပြုံးလိုက်မိတော့တယ် babyက တကယ်ကိုချွဲစိန်လေးပါ
"ကိုကို"
"ဗျာ"
"နေထွက်လာပြီ ကြည့်ကြည့် အရမ်းလှတယ်"
ESTÁS LEYENDO
Love story of Encyclopedic Leaf
Romanceဆရာ ကိုကိုနဲ့ တပညိ့ ဘေဘီတို့ကြားက အချစ်သံစဉ်တစ်ပုဒ်ပါပဲ ဆရာ ကိုကိုနဲ့ တပညိ့ ဘဘေီတို့ကွားက အချစ်သံစဉ်တစ်ပုဒ်ပါပဲ