"မယ်မယ်"
Babyကိုလိုက်ပို့ပြီးတာနဲ့ ဘွဲ့ မယ်မယ်ရှိတဲ့ hotelကိုသာပြန်လာလိုက်တော့တယ်
"Babyကို မယ်မယ်ချစ်သွားပြီမလား"
မယ်မယ်က ဘွဲ့ကိုကြည့်ပြီး
"သားဖက်က တကယ်ပဲ တစ်သက်တာလုံး သူတစ်ယောက်တည်းကိုပဲ ချစ်သွားပြီး လက်တွဲသွားနိုင်မှာ သေချာလား သား"
"သေချာတယ် မယ်မယ်"
"ကလေးကို ကြည့်ရတာ အနှောင့်အဖွဲ့ကင်းပြီး လွတ်လွတ်လပ်လပ်နေတတ်တဲ့ ပုံမျိုးလေး သူနန်းတွင်းထဲမှာ နေနျုင်ပါ့မလားလို့ မယ်မယ် စိတ်ပူတယ်"
"သား ဂရုစိုက်မှာပါ မယ်မယ်"
"သားသဘောပါ မယ်မယ် သဘောတူလိုက်ပါပြီ ကလေးကအရမ်းဖြူစင်လွန်းတယ်"
"ကျေးဇူးတင်ပါတယ် မယ်မယ်"
သူမကိုလာဖက်ရင်း ပြောတဲ့သားက တကယ်ကိုဝမ်းသာနေပြီး အရမ်းကိုနွေးထွေးလွန်းတယ်
"သားbabyနဲ့ စေ့စပ်ထားချင်တယ် mediaကိုတော့ babyကိုသိပ်မသိစေချင်ဘူး babyမလွတ်လပ်မှာစိုးလို့"
"ဟုတ်ပြီ မယ်မယ် သေချာစီစဉ်လိုက်မယ် မယ်မယ် မပြန်ခင်စေ့စပ်ပေးခဲ့မယ်"
"ကျေးဇူးတင်ပါတယ် မယ်မယ်"
ဒီနေ့မနက် ကျောင်းသွားဖို့အတွက် ရိပ်လေး အိမ်ကနေအစောကြီးထွက်လာလိုက်တော့တယ် ကိုကို့ကိုသွားခေါ်ပြီး ကိုကိုခွံကျွေးတဲ့ မနက်စာစားပြီးမှ ကျောင်းသွားတက်ရမယ်လေ ခုတလော ကိုကိုအိမ်ပြောင်းပြီးကတည်းက မနက်စာ တူတူမစားရတာကြာနေပြီလေ အဲကိုကိုက တကယ်လူဆိုး ရိပ်လေးကို သူ့အိမ်ကို သိပ်မလာခိုင်းဘူး ဝေးလ်ု့ ပင်ပန်းမှာ ဆိုးလို့ဆိုပြီးတော့လေ
"ဒုတိယသခင်လေး မင်းကြီးရဲ့အိမ်တော်ရောက်ပြီ"
ရိပ်လေး ကိုကို့အကြောင်းတွေးနေတာ ကိုကို့ဆီရောက်မှန်းတောင်မသိလိုက်ဘူး ကိုကို့ရဲ့အိမ်က လုံခြုံရေးတင်းကြပ်ပင်မယ့် ရိပ်လေးကိုတွေ့လိုက်တာနဲ့ အလွယ်တကူ passဖြစ်တယ်လေ
BẠN ĐANG ĐỌC
Love story of Encyclopedic Leaf
Lãng mạnဆရာ ကိုကိုနဲ့ တပညိ့ ဘေဘီတို့ကြားက အချစ်သံစဉ်တစ်ပုဒ်ပါပဲ ဆရာ ကိုကိုနဲ့ တပညိ့ ဘဘေီတို့ကွားက အချစ်သံစဉ်တစ်ပုဒ်ပါပဲ