"ထိုင်"
မနေ့ညက ကိုကို အိမ်ပြန်ပို့ပြီး ပြန်သွားတော့ ရိပ်လေး ဖုန်းထဲကို ထူးထူးဆန်းဆန်း နံပါတ်တစ်ခုဝင်လာတယ် ဒီနိုင်ငံမှာ အဲလို နံပါတ်အဆန်းတွေကို ကိုင်တာက တော်ဝင်အိမ်တော်ပဲ ရှိတာပဲလေ ရိပ်လေး ဖုန်းကိုင်လိုက်တာနဲ့ ရိပ်လေး ခန့်မှန်းသလိုပဲ တော်ဝင်အိမိတော်ရဲ့ အတွင်းရေးမှူးအသံကိုကြားလိုက်ရတယ်လေ ကိုကို့ မယ်မယ်က ရိပ်လေးကို တွေ့ချင်တာတဲ့လေ ကိုကို မသိအောင် တွေ့ချင်တယ်တဲ့ အဲဒါကြောင့် ဒီနေ့မနက်မှာ ကိုကို မယ်မယ်နဲ့ ကိုကိုမယ်မယ်တည်းတဲ့ royal hotel မှာ လာတွေ့တာလေ
ကိုကို့မယ်မယ်က တော်တော်လေးတော့ ချောတာပဲ ဒါပင်မယ့် ရိပ်လေးကို စိုက်ကြည့်နေတဲ့ ပုံက ရိပ်လေးကို သိပ်မကြည်သလိုပဲ မျက်လုံးတွေက စူးရဲနေပြီး ရိပ်လေးကိုစိုက်ကြည့်နေတော့တာ
ကြည့်ရတာ ဇာတ်လမ်းတွဲ တွေထဲကလို ငါ့သားကို လမ်းခွဲပေး ပိုက်ဆံဘယ်လောက်ပေးမယ်ဆိုပြီးများ ပြောမလားပဲ ဟီး အဲဒါဆိုရင်တော့ ပိုက်ဆံတွေယူပြီး ကိုကိုနဲ့ မုန့်သွားစားပစ်မယ်
"ငါက ဘုန်းဘွဲ့အလင်္ကာ အမေဒေါ်နန်းမဟာနွယ်"
"မင်း"
"မေမေက ကိုကို့ မယ်မယ်လား မေမေက အရမ်းချောတာပဲ အသားကလည်းဖြူလို့ ကိုကိုက တကယ်ဆို မေမေနဲ့ တူရင် ပိုချောမှာ ခုတော့ ကိုကို ကအသားညိုနေတယ် ဒါနဲ့ ရိပ်လေးနဲ့ မေမေက ပိုတူနေသလိုပဲ မေမေ ရိပ်လေးကိုမွေးစားလိုက်ပါလား"
ရှေ့က နေ စက်သေနတ်ပစ်သလို ပြောနေတဲ့ အကောင်သေးသေးလေးကိုကြည့်ပြီး ဒေါ်နန်း မဟာနွယ် ပြုံးလိုက်မိတော့တယ် သား ချစ်လည်း ချစ်လောက်အောင် ကောင်လေးက အသားဖြူဖြူလေးနဲ့ တခါတလေ သူမကိုလည်း ပါးချိုင့်တွေခွက်ဝင်နေအောင်ပြုံးပြသေးတယ် တစ်ကယ်ကို ချစ်မွှေးပါတဲ့ ကလေးလေးပဲ
ČTEŠ
Love story of Encyclopedic Leaf
Romanceဆရာ ကိုကိုနဲ့ တပညိ့ ဘေဘီတို့ကြားက အချစ်သံစဉ်တစ်ပုဒ်ပါပဲ ဆရာ ကိုကိုနဲ့ တပညိ့ ဘဘေီတို့ကွားက အချစ်သံစဉ်တစ်ပုဒ်ပါပဲ