ရိပ်လေးနဲ့ ကိုကို မုန့်စားပြီးကျောင်းထဲပြန်ဝင်လာတော့ ကျောင်းဝန်းထဲမှာ ကျောင်းသားတွေ ရောက်နေကြပြီလေ အတန်းမစသေးတာမလို့ အခန်းတွေထဲမှာမရှိပဲ canteenသွားတဲ့လမ်းတစ်လျှောက် လူတွေအပြည့်နဲ့လေ ကိုကိုကတော့ ဆိုင်ကနေပြီး လမ်းတလျှောက်ကိုင်လာတဲ့ ရိပ်လေးလက်ကို လုံးဝမလွှတ်ပေးပဲ သူကိုနှုတ်ဆက်တဲ့ ကျောင်းသားတွေရော ဝန်ထမ်းတွေရော ကိုပြန်နှုတ်ဆက်နေတော့တယ်
"ဆရာဘွဲ့ ကြားထားတဲ့သတင်းကအမှန်ပေါ့"
"ဒါပေါ့ဗျာ"
"Congratulationsပါ ဆရာဘွဲ့ရယ် တကျောင်းလုံးရဲ့စပ်စလူးစိန်ကို ရအောင်ယူနိုင်တာ ဂုဏ်ယူပါတယ်"
Mechnical ဌာနကဆရာက နဂိုကတည်းက ရိပ်လေးနဲ့လည်း ရင်းနှီးပြီးသားမလို့ စနေတာကို ကိုကိုက ရီနေတော့တယ်
"ဆရာထွန်းနော် ခုတလော ရိပ်လေးမလာလို့ ပျင်းနေတာမလား"
"မလာပါနဲ့ ကိုယ့်ကိုကိုနားသာကပ်နေလိုက်ပါ မောင်ချစ်ရိပ်ရယ် အမောင်ချစ်ရိပ်လာမှာ ကျုပ်ဌာနကဆရာမတွေ ယောက်ကျားရကုန်ပါအုံးမယ်"
"ကြည့်စမ်း တခြားဌာနပါသွားပြီးမွှေနေတယ်ပေါ့"
ကိုကိုက ဆရာထွန်းထွက်သွားတာနဲ့ ရိပ်လေးနှာခေါင်းကိုဆွဲပြီး ပြောလိုက်တာမလို့ ရိပ်လေးနှုတ်ခမ်း ဆူလိုက်ပြီး
"ကိုကိုကလည်း mechanical ကဆရာမတွေ တသက်လုံးအပျိုကြီးဖြစ်နေမှာစိုးလို့ ရိပ်လေးက ကူညီပေးနေတာပါနော်"
"ဒါနဲ့အခုတလော မမနွယ်ကိုမတွေ့ဘူးနော်"
"အနွယ်က သူ့မေမေနေမကောင်းလို့ခွင့်ပြန်သွားတယ်တဲ့"
"အော်"
"လာ ကိုကို အခန်းထိလိုက်ပို့မယ် နေ့ခင်းထမင်းသားဖို့ လာခေါ်မယ်နော်"
"ဟုတ် ကိုကို ချစ်တယ်"
ဘွဲ့ babyရဲ့ လက်ဖမိုးလေးကိုနမ်းလိုက်ပြီး
BINABASA MO ANG
Love story of Encyclopedic Leaf
Romanceဆရာ ကိုကိုနဲ့ တပညိ့ ဘေဘီတို့ကြားက အချစ်သံစဉ်တစ်ပုဒ်ပါပဲ ဆရာ ကိုကိုနဲ့ တပညိ့ ဘဘေီတို့ကွားက အချစ်သံစဉ်တစ်ပုဒ်ပါပဲ