"ကိုကို ကိုကို morning မွ"
မနက်အိပ်ရာနိုးတာနဲ့ လမ်းလျှောက်ထွက်ပြီး ပြန်လာတော့ babyဆီက voice messageလေး ရောက်နေတာမလို့ဖွင့်ကြည့်လိုက်တော့ babyအသံစူးစူးလေး နဲ့ မွဆိုတဲ့အသံလေးကြောင့် ဘွဲ့ပြုံးလိုက်မိတော့တယ်
"Morning baby"
ဘွဲ့လည်း voice messageပြန်ပို့ပြီး ရေချိုးဖို့တဘက်နဲ့ ရေခွက်တို့ကိုယူနေတုန်း ဖုန်းringtoneက မြည်လာတော့တယ်
"Helloကိုကို"
"အင်း babyပြော"
"ကိုကို နေမကောင်းဘူးလား အသံက မကောင်းသလိုပဲ"
ဘွဲ့ ညကအိပ်ရေးပျက်ထားတာမလို့လအသံကတမျိုးဖြစ်နေတာကို babyကတန်းသိနေတာကြောင့် ဘွဲ့အံတောင်သြမိတယ် သေချာသတိမထားမိရင် ဘွဲ့အသံက ပုံမှန်လိုပဲလေ
"ကောင်းပါတယ် babyရဲ့ ကိုကို ညကအိပ်ရေးနည်းနည်းပျက်သွားလို့ပါ"
"ကိုကို မနက်စာကို babyယူလာခဲ့မယ်နော် အဆောင်မှာပဲစောင့်နော်"
"ဟုတ်ပါပြီ ကားကို ကိုယ်တိုင်မမောင်းနဲ့နော်"
"ဟုတ် ကိုကို babyစောစောလာခဲ့မယ်နော် တာ့တာ ချစ်တယ် ကိုကို မွချိ"
အသံတွေပေါင်းစုံထွက်ပြီး ဖုန်းချသွားတဲ့ babyကြောင့် ဘွဲ့မှာ ဒုတိယအကြိမ် ရီလိုက်မိတော့တယ် တကယ်ကို ဘွဲ့အတွက် babyကလူရွှင်တော်လေး
ကျောင်းသွားဖို့ပြင်ပြီးတာနဲ့ အခန်းထဲမှာ စာဖတ်ရင်း babyကိုစောင့်နေလိုက်တော့တယ် ခနနေတော့ ချူသံလေးတွေ corrider တလျှောက်ကြားလိုက်ရတာမလို့ babyရောက်လာပြီမှန်း သိလိုက်ရတယ် ဘွဲ့အခန်းတံခါးဖွင့်ပေးလိုက်တော့ အပေါက်ဝမှာ ချိုင့်တွေ ဓာတ်ဘူးတွေနဲ့ ဘွဲ့ကို ပြုံးပြနေတဲ့ babyလေး
"ကိုကို"
"လာ အထဲကိုမြန်မြန်ဝင်"
Babyအခန်းထဲရောက်တာနဲ့ တံခါးကိုပိတ်လိုက်ပြီး ပါးချိုင့်လေးကိုငုံ့နမ်းလိုက်တော့တယ်
YOU ARE READING
Love story of Encyclopedic Leaf
Romanceဆရာ ကိုကိုနဲ့ တပညိ့ ဘေဘီတို့ကြားက အချစ်သံစဉ်တစ်ပုဒ်ပါပဲ ဆရာ ကိုကိုနဲ့ တပညိ့ ဘဘေီတို့ကွားက အချစ်သံစဉ်တစ်ပုဒ်ပါပဲ