ဘွဲ့ သံသယဝင်နေပင်မယ့် ပုံစံကနည်းနည်းတစ်မျိုးဖြစ်နေတာမလို့ new feeds ကို ဆက်ကြည့်နေလိုက်တယ် ပြောမယ့်သာ ပြောတာ DJ Yဆိုတဲ့တစ်ယောက်က နာမည်တော်တော်ကြီးတယ်ဖြစ်ရမယ် new feeds တစ်ခုလုံးသူ့ပုံတွေ ချည်းပဲ
ဘွဲ့လည်း သေချာသိချင်တာမလို့ comment တွေကိုပါ မွှေနှောက်လိုက်တော့တယ်
"ဒါနဲ့ DJ Y တစ်ယောက်တည်းလား Dancer Tရောမပါဘူးလား"
"ဘယ်နေ့မလဲ DJ Yကိုတွေ့ရင် Dancer Kပါ တွေ့ရမယ်လေ ပုံကိုတစ်ချက် ကြည့်လိုက်"
"ဟင်"
ပုံကိုကြည့်ပြီး ဘွဲ့မှာ ဟင် တောင်ဖြစ်သွားရတော့တယ် အစကတော့ babyနဲ့ဆင်သလိုပဲပေါ့ မဟုတ်လောက်ဘူးတွေးထားတာ ခုတော့ babyနဲ့ နေအသွင် နှစ်ယောက် တစ်ယောက်ပခုံး တစ်ယောက်ဖက် ပြီး ရီနေတဲ့ပုံ
"အသဲနှစ်ယောက်ရဲ့ video fileပါတင်ပေးလိုက်ပြီ တချက် ရှိုးလိုက် လုံးဝ အမိုက်စားနော်"
ထပ်တက်လာတဲ့ commentနဲ့ တစ်ခု video fileတစ်ခု ဘွဲ့ ချက်ခြင်း ဖွင့်ကြည့်လိုက်မိတော့တယ်
ဘွဲ့နဲ့ တွေ့ရင် မြင်နေကြ ကလေးဆန်ဆန် လိမ္မာပြီး ချစ်ဖို့ ကောင်းနေတဲ့ babyက videoထဲမှာ ဂျစ်ကန်ကန်ကောင်လေး ပုံစံနဲ့ sexy ကျကျ ကောင်မလေးတွေ အလယ်မှာ ကနေတော့တယ် လက်ထဲမှာလည်း ဘီယာ ဘူးနဲ့ ဝတ်ထားတဲ့ ပုံကိုလည်း ကြည့် အင်္ကျီ က လက်ပြတ်နဲ့ ဘောင်းဘီကလည်း ဖြဲထားတာများ အသားတွေ အကုန်မြင်နေရတယ် နားမှာလည်း နားကပ် တစ်ဖက်က ဆွဲထားသေးတယ်
တွန့်လိမ်ပြီး ကနေတာများ အဲတင်ပါးလုံးလုံးလေးကို တဖြန်းဖြန်းနဲ့ ရိုက်ပစ်လိုက်ချင်တော့တယ် အချိန်ကြည့်လိုက်တော့ ည 11နာရီ စောစော အိပ်လို့ပြောထားတာကို တော်တော် စကားနားထောင်နေတယ်
ကြည့်ရတာ ဘွဲ့ ကချစ်သူအလိမ္မာလေးရထားတယ် မှတ်တာ လူဆိုးလေးဖြစ်နေတာကို
YOU ARE READING
Love story of Encyclopedic Leaf
Romanceဆရာ ကိုကိုနဲ့ တပညိ့ ဘေဘီတို့ကြားက အချစ်သံစဉ်တစ်ပုဒ်ပါပဲ ဆရာ ကိုကိုနဲ့ တပညိ့ ဘဘေီတို့ကွားက အချစ်သံစဉ်တစ်ပုဒ်ပါပဲ