"သေဆုံးရမယ့်အချိန် ရောက်ရင်သေဆုံးရမှာပဲ လူတစ်ယောက်ရဲ့ ကံတရားကို အတင်းပြောင်း လဲဖို့ မကြိုးစားပါနဲ့"
Hotelကနေ babyကိုအိမ်ပြန်ပို့ပြီး ဘွဲ့ အိမ်ကို ပြန်လာတဲ့ လမ်းမှာ မီးပွီုင့်မိနေလို့ ကားရပ်ထားတုန်းကို ဆံပင်တွေရှုပ်ပွနေတဲ့ အဝတ်အစား စုတ်စုတ်ပြတ်ပြတ်ဝတ်ထားတဲ့ လူတယောက်က ဘွဲ့ကို စိုက်ကြည့်ရင်း ပြောလာတော့တယ်
"ဘာပြောတာလဲ"
"အချိန်ယန္တားရားကို လှည့်လို့ရပင်မယ့် ကံတရားကိုတော့ လှည့်စားလို့မရဘူး"
"သေရမယ့်လူက သေကိုသေရမှာ"
"အချိန်ကတဖြည်းဖြည်း နီးကပ်လာပြီ"
"ပြင်စရာရှိတာ ပြင်ဆင်ထားသင့်တယ်"
"ကံတရားဆိုတာ လူတွေရဲ့ ကုသိုလ်ကောင်းမှုနဲ့ ဆက်စပ်နေတယ်"
ဘွဲ့ ရုတ်တရက် ဆက်တိုက်ပြောလာတဲ့ စကားတွေကြောင့် ဆွံ့အနေတုန်း အဝတ်အစားစုတ်စုတ်ပြတ်ပြတ်ဝတ်ထားတဲ့ အဲလူက သူ့အထုတ်ပေါင်း များစွာကို ဆွဲပြီး ကားတွေကြားထဲပျောက်ကွယ်သွားတော့တယ်
တီ တီ တီ......
ဘွဲ့မှာ ကားတံခါးဖွင့်ပြီး ပြေးဆင်းမလို့လုပ်နေပင်မယ့် မီးပွိုင့်စိမ်းပြီးနောက်ကားတွေ တတီတီဖြစ်လာတာမလို့ ကားကိုသာမောင်းထွက်လာလိုက်ရတော့တယ် လူရှင်းတဲ့နေရာရောက်တော့ ဘွဲ့ ကားကို ထိုးရပ်ပြီး မျက်လုံးကို မှိတ်ချရင်း စိတ်ငြိမ်အောင် မနည်းထိန်းနေရတော့တယ်
ဘွဲ့အရမ်းကို တုန်လှုပ်နေမိတော့တယ် ဘွဲ့သေသေချာချာ သိနေတယ် ဒီအကြောင်းအရာတွေက babyကိုပြောနေတယ်ဆိုတာ အရင်အချိန်တွေက babyက မှတ်မှတ်ရရ ဘွဲ့ရဲ့ အသက်27နှစ်ပြည့်မွေးနေ့ မိုးရေတွေကြားထဲမှာ လဲကျသွားတဲ့ပုံရိပ်တွေက ဘွဲ့ရဲ့အတွေးတွေ ထဲမှာ ပြန်ပေါ်လာတော့တယ်
"အဲလိုအဖြစ်မခံနိုင်ဘူး အဲလိုဘယ်တော့မှမဖြစ်ရဘူး babyက ကိုကိုနဲ့ တူတူ အသက်ကြီးတဲ့ထိ ကုန်ဆုံးရမှာမလို့ baby ဘာမှဖြစ်လို့မရဘူး ကိုကိုက ကာကွယ်ပေးမှာ"
ESTÁS LEYENDO
Love story of Encyclopedic Leaf
Romanceဆရာ ကိုကိုနဲ့ တပညိ့ ဘေဘီတို့ကြားက အချစ်သံစဉ်တစ်ပုဒ်ပါပဲ ဆရာ ကိုကိုနဲ့ တပညိ့ ဘဘေီတို့ကွားက အချစ်သံစဉ်တစ်ပုဒ်ပါပဲ