"Baby ဘာဖြစ်လို့လဲ"
ကိုကိုက ကြက်သွေးရောင်ပိုးပုဆိုးနဲ့ အင်္ကျီလက်ရှည်အဖြူကိုဝတ်ထားပြီး ရိပ်လေးဆီကို ခြေလှမ်း မြန်မြန်တွေနဲ့ လျှောက်လာတော့တယ်
"ပုဆိုးဝတ်တတ်ဘူးကိုကို"
ဘွဲ့ babyခေါ်တယ်ပြောလို့ အပေါ်ထပ်ကို အမြန်လာတော့ ပုဆိုးစ နှစ်ခုကို ကိုင်ထားပြီး ပုဆိုးမဝတ်တတ်ဘူးလို့ မျက်နှာလေးရှုံ့မဲ့ပြီး ပြောတဲ့ babyကြောင့် ဘွဲ့ပြုံးလိုက်မိတော့တယ်
"ပုဆိုးတောင်မဝတ်တတ်ဘူး လားbabyရဲ့"
ဘွဲ့ပြောပြီး babyကိုင်ထားတဲ့ ပုဆိုးစနှစ်ခုကို ယူလိုက်ပြီး ပုဆိုးစဝတ်ပေးလိုက်တော့တယ်
"ပုဆိုးမဝတ်တတ်ပင်မယ့် ကိုကို့ကိုတော့ ချစ်တတ်ပါတယ်နော်"
ဟားဟား
"အတတ်လေး"
"ရပြီ"
"ကျွတ်ကျရင် ဘယ်လိုလုပ်မလဲ ကိုကို baby ဘောင်းဘီအတိုတစ်ထည်ဝတ်ထားရမလား"
"ကျွတ်ကျရင် ကိုကို ပြန်ဝတ်ပေးမှာပေါ့ babyရဲ့ ဘာမှမစိုးရိမ်နဲ့နော် ကိုကိုကြည့်နေပေးမယ်"
"ဟုတ်"
လမ်းကိုမရဲတရဲလေးလျှောက်နေတဲ့babyပုံလေးကြောင့် ဘွဲ့မှာ အသဲတွေယားနေတော့တယ်
"လျှောက်ပါ ကလေးရဲ့ ကိုကိုရှိတယ်လေ"
"ခနလေး"
အခန်းအပြင်ရောက်တာနဲ့ ဘေးကအတွင်းရေးမှူးဆီက ဘူးအနီလေးထဲက ပလက်တီနမ် footchainလေးကိုဆွဲယူရင်း babyရှေ့ ဒူးထောက်ချလိုက်ပြီး babyခြေထောက်ကို ဘွဲ့ရဲ့ ဒူးပေါ်တင်လိုက်ပြီး ဝတ်ပေးလိုက်တော့တယ်
"ဟီး ပိုလှသွားပြီ"
ပထမတခါ ဝတ်ပေးတဲ့ footchainလေးရဲ့ အပေါ်မှာ ဗြောင် footchainလေး ထပ်ဝတ်ပေးလိုက်တာမလို့ footchain နှစ်ထပ်ပုံစံလေးဖြစ်သွားတော့တယ် အဲပုံစံလေးကို babyကသဘော ကျနေသလိုပဲ
ŞİMDİ OKUDUĞUN
Love story of Encyclopedic Leaf
Romantizmဆရာ ကိုကိုနဲ့ တပညိ့ ဘေဘီတို့ကြားက အချစ်သံစဉ်တစ်ပုဒ်ပါပဲ ဆရာ ကိုကိုနဲ့ တပညိ့ ဘဘေီတို့ကွားက အချစ်သံစဉ်တစ်ပုဒ်ပါပဲ