"ရားး လင်းရောင်ခြည်!"
သစ်မေနဲ့လင်းတို့ မနက်စာပြင်နေကြတုန်း အပေါ်ထပ်အခန်းက ကိုးငယ်အသံကြောင့် လင်းကို လှမ်းကြည့်တော့....
"ဟီး စောင်တွေနဲ့လုံးပေးထားခဲ့တာ ကိုးကို"
"ကိုးကိုကွာ ပူနေမှာပေါ့ သွားဖြည်ပေးချည်"
"တီသစ် သွားလိုက်တာပိုကောင်းမယ်ရယ်"
"အဟင်း သိနေတယ်နော် သူ့ရန်လုပ်မှာကြောက်တိုင်း"
"တီသစ်ကလည်း"
တူမတော်ကို မျက်စောင်းထိုးထားခဲ့ပြီး သစ်မေအပေါ်တက်ခဲ့လိုက်သည်။
အပေါ်က ကိုးငယ် ဘယ်လောက်ပူနေမယ်မသိ။
မီးပျက်သွား၍ airconမရှိတော့သော အခန်းထဲ စောင်နဲ့လုံးခံထားရတော့ စိတ်လေးကတိုနေရောပေါ့။ကျွီ!
"အမေ့! အိုကွယ် ကိုးငယ်"
သစ်မေ ကိုးငယ်အခန်းကို ခေါက်မယ်ပြုတဲ့ လက်ကို အထဲကနေ ဆွဲကာ အိပ်ယာပေါ် အလှဲခံလိုက်ရရင်း အုပ်မိုးခံလိုက်ရတာမို့ သစ်မေ လန့်သွားရသည်။
"ကိုး........ကိုးငယ်......."
"အာ ဟို လင်း......လင်းမှတ်လို့"
"အပေါ်က ဖယ်ပါဦးကွယ် တို့ အနေရခက်လို့"
"ဟုတ်သား အဟမ်း! အန်....အန်တီ ဘာလာလုပ်တာလဲ"
"အားသန်လိုက်တာကွယ် လက်တောင် နာတယ် မင်းကို စောင်နဲ့လုံးထားခဲ့တယ်ဆိုလို့ တို့လာကူဖြည်တာ"
"ဪ နာသွားလား အန်တီ လင်းမှတ်လို့ နပန်းလုံးတော့မလို့ရယ် ဟဲဟဲ"
"ကျွန်မကို လုံးလို့ကတော့ ပြန်လုံးမှာနော် ကျွန်မကတော့ အဟွန်း!"
"အန်တီနော်"
"အိုကွယ် မျက်နှာလေးပါ နီလာပါရော ရှက်တတ်လိုက်တာကွာ"
"အန်တီ့! လာမစနဲ့ကွာ ထွက်တော့ သွား"
"စချင်တာကိုကွာ ကိုးငယ်ရှက်တာလေးက ရင်ခုန်ချင်စရာလေးကို တို့ကရင်ခုန်လို့"
"ဒေါ်နန်းခေတ်သစ်မေ အပြင်ထွက်တော့လို့ဆို"
"အဟင်း! မထွက်ချင်ပေမဲ့ တို့အနာဂတ် အမျိုးသမီးလေးက ထွက်ခိုင်းတော့လည်း ထွက်ရတာပေါ့ကွာ"