"ခင်ပြည့်စုံရှင်းလား မသိပူး"
"အာ.....လင်းရောင်ခြည်...."
"ဟုတ်သားပဲ လူမှားမလား စိုးရိမ်နေတာ ကိုယ့်တီငယ်နဲ့ အသိလား"
"မဟုတ်ပူး ကိုး တီလေးရဲ့သူငယ်ချင်းမို့ မျက်မှန်းတန်းမိယုံလောက်ပါ"
"အာ....မျက်မှန်းတန်းမိရုံလောက် သိတဲ့ မင်းလေးကြောင့် တီငယ်နေမကောင်းဖြစ်တာလည်း ခဏခဏပဲနော် မျက်မှန်းတန်းမိယုံမို့တော်သေးတာပေါ့ ဟက်!"
"လင်းရောင်ခြည် နင်ဘာဖြစ်ချင်နေတာလဲ ကိုးကို သက်သက်ကြီး လာရန်စနေတာနော် နင့်စကားတွေက"
"တော်တော့ နိုးနိုး"
"မင်းနဲ့ဆိုင်လား"
ကျောင်းဆင်းခါနီး နောက်ဆုံးချိန်လေးမှာ အကုန်အပြင်ထွက် ထိုင်နေကြတုန်း လင်းရောင်ခြည်ရောက်လာပြီး စကားကို မထိတထိပြောရာက နိုးနိုးနဲ့ ရန်သတ်ပွဲဖြစ်တော့မလားပင်။
"လင်းရောင်ခြည် မင်းတီငယ်ဘာဖြစ်ချင်နေလဲတော့ ကိုးမသိပူး ဒါပေမဲ့ ကိုးက အန်တီအဲ့လိုဖြစ်အောင် လုပ်ရအောင်က အကြောင်းမရှိပူးထင်တယ်နော်"
"ခင်ပြည့်စုံရှင်း မင်းကလေ တုံးတာလား တုံးချင်ယောင်ဆောင်တာလားကို မသိတော့ပူး တောက်စ်!"
"ဟူး..........."
သူပြောချင်ရာပြောပြီး ထွက်သွားတဲ့ လင်းရောင်ခြည်။
သူထွက်သွားမှ ကိုးလည်း မတ်တပ်ပြန်ရပ်ပြီးကာမှ ခြေပစ်လက်ပစ်ထိုင်ချလိုက်သည်။
နေ့တိုင်း စိတ်ပင်ပန်းရတာ သူ့တီငယ်တစ်ယောက်ပဲရှိတယ်ထင်နေလားမသိပူး။
လူတိုင်း သူ့အပူနဲ့သူတော့ရှိတာပဲ။
တစ်ဖက်သတ်ဆိုတဲ့အတိုင်း တစ်ဖက်တည်းကိုသတ်နေတဲ့ အချစ်ပူကြီးက ပိုဆိုးနေတာတော့ သူမသိပဲနဲ့။"အန်တီ ငါ့ကိုကြိုက်နေမှန်း ငါသိတယ် နိုးနိုး"
"အမ်!"
"သူ့ပုံစံက ငါ့ထက်သိသာနေတာလေ"
"ဒါကို ကိုး နင် နင်ဟာလေ"
"မကောင်းမှန်းသိပေမဲ့ ငါကိုယ်တိုင်လည်း လျစ်လျူရှုခံရတဲ့သူမို့ အဲ့ခံစားချက်ကြီးကို နားလည်ပေမဲ့ သူကတော်သေးတယ်မထင်ပူးလား နိုးနိုးရာ"