"ကိုကိုးငယ်ရေ ကိုကိုးငယ်"
"အားးးး......တီငယ့်!!!......မနက် ၆ နာရီပဲရှိသေးတာကိုဗျာ....."
"ဪ ရှင့်ရဲ့၆နာရီပဲဆိုတာက သူများတွက်တအားတွေ လင်းထိန်နေတော့ ရှင့်အတွက်ဆိုပြီး လက်ဆောင်တွေ အိမ်ရှေ့ရောက်နေတာရှင်ရဲ့"
"ဟမ်! မာမားရေ! သေပါပြီ အဲ့လှေကားကလည်း ဘာလို့တွန်းချရတာလဲမသိပူး"
တီငယ့်စကားကြောင့် စောင်ကိုကန်ကာ ပြေးဆင်းတော့ လှေကားကနေ နှစ်ထစ်ကျော်ပြီး ပြုတ်ကျတယ်။
အဲ့လှေကားကိုက အမြဲတမ်း ကိုးကိုတွန်းချနေတာ။"အယ် လက်ဆောင်တွေနဲ့ဖိသတ်တောင်သေလောက်တယ်"
"အမလေး! အလှထိုင်ကြည့်မနေနဲ့ ရှင့်ကို အဲ့တာတွေရှင်းခိုင်းဖို့ နှိုးတာ သွား! မျက်နှာသစ်ပြီး ပြန်ဆင်းခဲ့ ဒါတွေအကုန် ရှင်အခန်းထဲပို့"
"အွန်းပါ တီငယ်ကလည်း"
အောက်ရောက်လို့ ခြံတံခါးရှေ့လှမ်းကြည့်တော့ ကိုးအရပ်နီးနီးရှိသော အရုပ်ကြီးသုံးခု၊ရင်ပိုက်ချီထားလို့ရတဲ့ အရုပ်ငယ်လေးက ငါးခု၊ပန်းစီး ဆယ်ခုကျော်လောက်နဲ့ ချောကလက်ဘူးပေါင်းများစွာကြောင့် ကိုးမှာ ဒီလက်ဆောင်တွေနဲ့ ဖိသတ်တောင် ရတယ်ဆိုတာမျိုး ပြောထွက်ရပါတယ်။
ဒီလောက်အများကြီးဖြစ်နေခြင်းက မဆန်းတော့မဆန်းပါလေ။
ကိုကိုးငယ်က အတန်းထဲမှာ မော်နီတာမို့ ချစ်ခင်သူကလည်း ပေါသည်လေ။
ကျူရှင်မှာလည်း ကိုယ့်ကျူရှင်တင်မဟုတ် ဘေးဝိုင်းတွေက လူတွေနဲ့ကလည်း ခင်ကြတာကိုး။အဓိကလူကတော့ ရောက်မလာသေးပေ။
"ကိုကိုးငယ်ရေ ချစ်ဆုံးကြီးရောက်နေပြီနော်"
"အား.....တကယ်ပါပဲ....ဒီတီငယ်ကတော့လား"
မျက်နှာသစ် သွားတိုက်လုပ်နေရင်း အောက်ကနေ တီငယ်ပြောလိုက်တဲ့စကားကြောင့် ကိုးမှာ feelငုတ်သည်။
ဒေါ်နန်းခေတ်သစ်မေတို့ကတော့ အသက်ရှည်ဦးမယ် ဟွန့်!
"Happy Valentines’ Day ပါ ကိုးငယ်လေး"
"မကြီးမငယ်နဲ့ ဘာလာလုပ်တာလဲ စောစောစီးစီး"
"ဟိုဟာလေ ချိုချိုသာသာပြောပါတော့လားကွယ် အစကတော့ မင်းကိုလာနှိုးပြီး Bakeryခေါ်သွားမလို့ပဲ မင်းကလည်းနိုးနေပြီးတော့ ခြံဝက ကိစ္စတွေရှင်းရဦးမယ်ဆိုတော့ တို့ပြန်ရမလားလို့"