ෆ Khit Thit Aunty ෆ - 8

620 64 2
                                    


           "ThitCoe Cafe&Bakery"

အန်တီရဲ့ Cafeကိုရောက်တော့ ကိုးနဲ့လင်းကအရင်ဆင်းလိုက်ပြီး အန်တီက နောက်က ကပ်လျက်ပါလာသည်။

ဆိုင်ရဲ့မှန်တံခါးလေးကို တွန်းဖွင့်လိုက်တော့.....

"ကိုကိုးးးးးးးးး.........."

"WTF!!"

"ဟဲ့ လင်း ဘယ်ပြေးတာတုန်းဟ"

"ကိုကိုက ဟန်နီ့ကိုမြင်ပြီးပြေးသွားတာ လန့်သွားတယ်ထင်တယ် ဟီး"

"ဒီက မိန်းကလေးက ကိုးကိုခေါ်တာလား လင်းရောင်ခြည်ကို ခေါ်တာလားဟင်"

"ကိုကိုလင်းကိုခေါ်တာပါ မင်းက ကိုကိုးငယ်ဖြစ်မယ်ထင်ရဲ့ တွေ့ရတာဝမ်းသာပါတယ် ဒါနဲ့ Tachiလား"

"အာ ကိုကိုးငယ်ဆိုတာ အိမ်ခေါ်ပါ နာမည်က ခင်ပြည့်စုံရှင်းပါ Tachiလည်းမဟုတ်ပါပူး Nekoလည်းမဟုတ်ပါပူး Lesပါ ကိုယ်ချစ်မိတဲ့ မိန်းကလေးအနေအထားပေါ်မူတည်ပြီး ဖြစ်တည်မှု ကွဲသွားမှာပါ"

"အိုး ချစ်စရာလေးပဲ ဟန်နီနာမည်က ဟန်နီပါပဲ လင်းရဲ့ အချစ်ဆုံးသူငယ်ချင်းပါ စတာလွန်သွားတယ် အာ ဒါနဲ့ တီသစ် နေကောင်းတယ်နော်"

"အွန်း ဒေါင်ဒေါင်မြည်ပဲ"

"ဟုတ် ဟန်နီ့ကိုခွင့်ပြုပါဦး လင်းကိုလိုက်ဖမ်းဦးမယ်"

"ဟုတ် နောက်မှတွေ့မယ်"

ပြောပြီးပြေးသွားတဲ့ ဟန်နီဆိုတဲ့ မိန်းကလေး။
ဝတ်ထားတဲ့ အဝါရောင်ဂါဝန်တလွင့်လွင့်နဲ့ စီးထားတဲ့ ‌နှစ်လက်မဒေါက်ကို အားမနာ ပြေးသွားတဲ့ မိန်းကလေးနဲ့ လင်းတို့ ဘာပတ်သက်ကြလဲ။

ဒီမေးခွန်းကိုဖြေခိုင်းဖို့ တီသစ်ဘက်လှည့်ကြည့်တော့....

"တို့တူမ သူငယ်ချင်း အိမ်နားကပဲ မွေးတည်းကပေါင်းလာတာ တခြားမှာ ကျောင်းသွားတက်တာ ခုမှပြန်ရောက်တယ်ထင်တယ် သိချင်မှန်းသိလို့ ပြောပြတာ"

"အာ....ဟီး"

"ဟေ့ baby"

"လွန်းညဉ့်စေရာ!"

"အဟမ်း! ကိုးငယ်လို့ပြောတာ"

"အန်တီကလည်း မမလွန်းညဉ့်ကို မအော်နဲ့လေ"

ෆ Khit Thit Aunty ෆWhere stories live. Discover now