"ကိုးငယ် တော်တော့"
"ဟင့် အန်တီကလည်း ကိုးက ဒီလောက်ပိစိလေး သောက်ရသေးတာကို"
"ပိစိက ဘယ်နားပိစိတာလဲ သောက်ထားတာ ကြည့်ဦး"
သစ်မေ အလုပ်ကိစ္စရှိလို့ ကလေးသုံးယောက် ခဏပစ်ထားခဲ့မိပါတယ် ပြန်လာတော့ လင်းနဲ့ဟန်နီက မှောက်နေပြီး ကိုးငယ်က ပုလင်းထောင်နေတယ်။
သောက်ထားတာလည်း ဆိုင်ကချပေးထားတဲ့ ရေကရားအကြည်ထဲကို ရေခဲရယ် ဖျော်ရည်နှစ်ခွက်ရယ် ဆိုဂျူသုံးပုလင်းရယ် ရောပြီး စပ်သောက်ထားကြတာတဲ့ လက်တောက်လောက်လေးတွေက။"လင်း တော်ပြီ ဟန်နီလည်း တော်တော့ ကိုးငယ်လည်း တော်သင့်ပြီ"
"အန်တီ"
"အွန်း ပြော"
"ကိုးကို ချစ်တယ်မလား"
"ချစ်တာပေါ့"
"ချစ်ရင် ပုလင်းထပ်မှာပေး"
"အဟန့် အဟွတ် အမလေး ချုပ်တတ်ရန်ကော ကိုကိုးငယ်ရယ် မရပူး ပြန်မယ် အခု"
"အန်တီက ကိုးကို ချစ်ဝူး သိရယ် သိရယ်"
"ကလေးလေးပါကွာ ချစ်တယ် ကိုးငယ် မင်းကိုလေ ကမ္ဘာမှာ အချစ်ဆုံးပါကွယ်"
"ကမ္ဘာမှာ အချစ်ဆုံးဆိုတော့ ဂြိုလ်တွေမှာ မချစ်တချစ်တွေရှိေယးတာရား"
"အိုကွယ် ရှိစရာလား ကိုကိုးငယ်ဆိုတဲ့ မင်းလေးပဲရှိတာပါကွယ်"
"ကိုကိုးငယ်ပဲရှိယာဆို ခင်ပြည့်စုံရှင်းက မရှိဝူးပေါ့ ဟုတ်ရား"
"ဒီက ကိုကိုးငယ်ရော ခင်ပြည့်စုံရှင်းရော ရှိပါတယ်ကွယ် အခု အိမ်ပြန်မယ်နော် ထထ"
"အင့် ထဝူး ပုလင်းယို့ဆို"
"ဟူးး လင်း လင်းထတော့ ဟန်နီ့ကိုခေါ်သွား အောက်ကို"
"အွန် အွန်း တီသစ်"
လင်းက အသိနည်းနည်းရှိသေးတယ်ထင်ပါတယ်။
သစ်မေပြောတာကို ခေါင်းငြိမ့်ပြီး ဟန်နီ့ကို တွဲပြီး ဆင်းသွားလေရဲ့။"ဒီ ပြန်ပြောနားမထောင်လေးကတော့ တို့ပဲ တွဲကူရမှာပေါ့ ဝက်ပိစိလေး လူသေးသေးလေးနဲ့မလိုက် လေးရန်ကောကွယ်"