ෆKhit That Auntyෆ - 10

609 55 8
                                    

"အွန်"

"အဲ့တာ တို့ရှင်းရတာကွယ် ကိုးငယ်သူငယ်ချင်း ထိန်းမရသိမ်းမရရယ်"

"ဒီနေ့ ရန်ဖြစ်ကြတာ ကိုးဆွဲသေးတယ် လင်းကသိတဲ့တိုင်း"

"အို ကိုးငယ်တို့အဖွဲ့ကတော့ စွာတာမှ တစ်ကျောင်းလုံးကတ်ကတ်လန်လေ"

"အန်တီကလည်း"

"မဟုတ်လေသလား ငယ်ရယ် အွန်"

"အဲ့တာကအဲ့တာပေမဲ့........"

"ခင်ပြည့်စုံရှင်း!!!"

"ဗုဒ္ဓေါ ငါရုပ်ချော!"

အောက်ထပ်က တီငယ့်အော်သံကြောင့် အန်တီနဲ့ချစ်ကြည်နူးတစ်တီတူးနေတဲ့ကိုးငယ်မှာ လန့်သွားရပြီး ယောင်တော့ ဖုန်းတစ်ဖက်က ဒေါ်နန်းခေတ်‌သစ်မေက သဘောတွေကျပြီး ရယ်နေလေရဲ့လေ။

"ဘယ်ရယ်တာလဲ အန်တီနော်"

"ဘာဖြစ်တယ်"

"ဘာမှမဖြစ်ဘူး ဟွန့်! တီငယ်က ခေါ်နေပြီ ဘာလဲတော့မသိဘူး သွားလိုက်ဦးမယ်နော် အသဲ"

"အို လူကိုများ အသဲလေးဘာလေးနဲ့ သွား သွား"

"ဟီး အာဘွားအာဘွား"

"အိုကွယ်"

\\//

"တီငယ် ဘာဖြစ်တာ"

"ရန်ဖြစ်လာတယ်ဆို"

"အသေးစားရန်ပွဲလေးပါ တီငယ်ရဲ့"

"ဘာဖြစ်လာသလဲ"

"ခြစ်ရာသေးသေးတောင်ထင်မလာပါဘူး တီငယ်‌"

"ဟိုဘက်ကရော"

"လင်းထိုးလိုက်လို့ ဟိုဘက်က ကောင်နှစ်ယောက်တော့ ပါးပုပ်သွားတယ် တီငယ်"

"မင်းတို့အဖွဲ့ ဘယ်သူထိလာသေးလဲ"

"တစ်ယောက်မှ ခြစ်ရာလေးကိုထင်မလာခဲ့ပါဘူး တီငယ်"

"အဟင်း ဒါဆို ရပြီ သွားတော့"

"ဟာဗျာ ကိုးက အကြီးအကျယ်ဆူတော့မယ်မှတ်နေတာ"

"အစကဆူမလို့ပဲ ဒါပေမဲ့ ကိုးတို့တစ်ယောက်မှထိမလာဘူးဆိုတော့ ကျေနပ်သွားတာ"

"ဘာကြီးရယ်"

"ရန်မဖြစ်နဲ့မပြောဘူး ဖြစ်ချင်ဖြစ် လုပ်ပြီးပြန်လာ ခံပြီးပြန်မလာနဲ့ ကိုယ်မှားမှားမှန်မှန် လုပ်ပြီး ပြန်လာခဲ့ ကျန်တဲ့ကိစ္စ တီငယ်ရှင်းမယ်"

You've reached the end of published parts.

⏰ Last updated: Jan 27 ⏰

Add this story to your Library to get notified about new parts!

ෆ Khit Thit Aunty ෆWhere stories live. Discover now