"အားးးးး တီငယ်!!"
"ပြောကွယ်"
"ဘာလုပ်တာလဲဗျာ အိပ်ကောင်းခြင်းမအိပ်ရနဲ့"
"မနက်ငါးနာရီ မင်းပဲလာနှိုးခိုင်းတာလေ ကိုကိုးငယ်ရဲ့"
"ငါးနာရီ? ငါးနာရီကို ကိုးကလား"
"အင်း"
အာ ဒီတီငယ်နဲ့တော့လား။တကယ်ကြီးလာနိုးတာပဲ။
ဒီနေ့က သင်္ကြန်မရောက်ခင်နှစ်ရက်အလိုပေါ့။
အန်တီကပြောတယ်
"တို့ကလေးလေးသဘောကျတဲ့ငုဝါတွေဆီ တို့လိုက်ပို့မယ်"
တဲ့။ဒေါ်နန်းခေတ်သစ်မေက ကိုကိုးငယ်ရဲ့အပိုင်ဖြစ်ပြီး
ကိုကိုးငယ်ကလည်း ဒေါ်နန်းခေတ်သစ်မေရဲ့ အပိုင်ဖြစ်ဖို့
နှစ်ယောက်လုံး သဘောတူထားခဲ့ကြသလို သူတို့ကိုယ်တိုင်တွေကလည်း တစ်ယောက်ပေါ်တစ်ယောက် ချစ်ကြသည်းကြတယ်လေ။"ဟုတ် တီငယ် ကျေးဇူးပါ တာ့တာ အောက်ဆင်းတော့"
"ကောင်မစုတ်လေး တီငယ်ကို တအားနှင်ထုတ် ဟွန်း!"
"မဟုတ်ပါဘူးဗျာ တီငယ်ရဲ့ သူငယ်ချင်းလေးကလာတော့မှာဆိုတော့ အဟင်း"
"အမလေး ပြင်ပါရှင် ပြင်ပါ"
တီငယ်က မဲ့ရွဲ့ထွက်သွားကာမှ ကိုးလည်း အိပ်ရာကပြေးဆင်းကာ ရေချိုးမယ်လုပ်ပြီး ဖုန်းတန်းကိုင်တော့တာပဲ။
"ဟယ်လို"
"အန်တီ"
"ရှင့်"
"ဟီး" အန်တီရဲ့ထူးသံလေးကို သဘောကျမိတာမို့ ကိုးငယ် ရယ်မိတော့.....
"အို ခေါ်ပြီး မပြောပဲရယ်နေတော့မှာလား"
"သဘောကျလို့ပါ အန်တီရယ်"
"ဘာကို"
"ထူးတာလေးကိုလေ"
"အွန် ထူးတဲ့သူကိုကော"
"ဟင့်အင်း သဘောမကျပါဘူး"
"မင်းနော် တို့လိုက်မပို့ဘဲနေလိုက်မယ်"
"မလုပ်ပါနဲ့ အသည်းအသက်လေးရဲ့"
"အို ဘယ်လိုေတာင်ခေါ်လိုက်တာ"
"အန်တီ"
"ရှင် ရှင့်"
"ထူးတာလေးလည်း သဘောကျပေမဲ့ ထူးတဲ့သူလေးကိုတော့ သဘောမကျဘဲ ချစ်လိုက်တာ တုန်ရော"