ෆ Khit Thit Aunty ෆ - 6

547 51 2
                                    

"ငါတကယ်ကို ချစ်တတ်မှ အချစ်ဆိုတာ လွင့်ပျောက်သွားတာလား....."

"အမယ်~သီချင်းတွေဘာတွေညည်းလို့ပါလား ခင်ပြည့်စုံရှင်းရဲ့"

"စိတ်နည်းနည်းရွှင်နေလို့လေ ဟီး"

"ကိုးရဲ့ စိတ်ရွှင်နေတာလေး ပျောက်သွားအောင်တော့မရည်ရွယ်ပေမဲ့ လင်း နည်းနည်းမကောင်းတဲ့သတင်းလေး သယ်လာတယ်"

"ရပါတယ် ပြောလေ"

"အာ့! နိုးနိုး!"

"Morningပါ နှစ်ယောက်လုံး လင်းရောင်ခြည်ရယ် ငါရိုက်လိုက်တာ အဲ့လောက်မနာပါပူး"

"ဪ မနာပူးဟုတ်လား လာလေ ငါနင့်ကိုပြန်‌ရိုက်မယ်"

"ကဲ တော်ကြပါတော့ နင်တို့နှစ်ယောက်ကလည်း လင်း ပြောမဲ့သတင်းပြောလေ"

"အေး"

လင်းရောင်ခြည်က အန်တီနဲ့ကိုးတို့ အနည်းငယ်အဆင်ပြေလာတဲ့အတောအတွင်းမှာ ကိုးနဲ့နိုးနိုးတို့ Friendshipထဲမှာ အဖွဲ့ဝင်ဖြစ်လာတယ်။
တဖြည်းဖြည်းခင်လာပြီး BFတွေဖြစ်လာကြတယ်။
နိုးနိုးနဲ့လင်းတို့က မတည့်အတူနေ မမြင်ချောင်းကြည့်နေကြတဲ့ ကြောင်နဲ့ကြွက်လိုပါပဲ။
အမြဲတမ်း တကျက်ကျက်နဲ့ ရန်ဖြစ်နေကြဆဲ။

"တီငယ် နေမကောင်းဖြစ်နေတယ် ကိုး"

"ဟယ် တီသစ်က နေမကောင်းဖြစ်နေကျပဲကို နင်ကလည်း စကားလုပ်ပြောနေတယ်"

"နိုးနိုးရယ် နေစမ်းပါ ငါကနင့်ကိုပြောတာမဟုတ်ပူး ကိုးကိုပြောတာ"

"ဟွန့်!"

"နေမကောင်းတာ ဆိုးလို့လား လင်း"

"အွန်း အပြင်းဖျားတာမျိုးဖြစ်နေတာ"

"မနေ့က ငါနဲ့အပြင်သွားတုန်းက သိပ်မလန်း‌တာတော့ သတိထားမိပါတယ်"

မနေ့က ကိုးကို စာရေးကိရိယာတချို့ဝယ်ဖို့လိုက်ပို့တုန်းက ဆိုင်ရှေ့မှာပဲ ထိုင်နေတာမို့ ကိုး သတိထားမိခဲ့တာပင်။

"မနေ့တည်းက သူနေမကောင်းချင်သလိုဖြစ်နေတာကို မပြောပဲနေတာလေ ညရောက်မှ ကိုယ်တွေပူလာလို့"

"အခုကော သက်သာလား"

"ဟင့်အင်း ပူနေတုန်းပဲ ဆေးသွင်းတာလည်း ညတည်းက တစ်လုံးပြီးတစ်လုံးပဲ"

ෆ Khit Thit Aunty ෆWhere stories live. Discover now