"ကိုကိုးငယ် ကြာရင် ဇောက်ထိုးဖြစ်တော့မှာနော် မင်း"
"အယ့်......ဟီး"
တီငယ်ဆင်းခဲ့ဆိုလို့ ဂိမ်းဆော့ရင်းဆင်းလာတာ လှေကားကို နှစ်ဆင့်ကျော်ဆင်းမိတော့မလို့......
"ရှိသမျှသွား အကုန်ကျွတ်ခါမှ မှတ်မလားပဲ"
"တီငယ်ကလည်း.....ပြောပါဦးရှင့်......ဧည့်သည်ကဘယ်သူလဲ"
"ဒီမှာလေ ပြဿနာရှင်လေး"
"ဒေါ်နန်းခေတ်သစ်မေ!"
"ထပ်တွေ့ပြီနော် baby"
တီငယ့်နားဝင်ထိုင်ပြီးကာမှ ဘေးကလူက ထိုအမျိုးသမီးဖြစ်မှန်းသိသည်။
ဘာလာလုပ်လဲမသိပူး။လူကိုများ ပိုင်စိုးပိုင်နင်းနဲ့ babyတဲ့။"အရေးကြီးဧည့်သည်မဟုတ်ပူးပဲ ကိုး အပေါ်ပြန်တက်တော့မယ်"
"ကိုးငယ် ပြန်ထိုင်"
တီငယ်ကပြန်ထိုင်ခိုင်း၍သာ ပြန်ထိုင်လိုက်ရသည်။
ထိုအမျိုးသမီးကို မျက်နှာချင်းမဆိုင်ချင်။"တီငယ် အပြင်သွားစရာရှိသေးတယ် ကောင်းကောင်းပြောနော် ကိုးငယ် ကိုကိုးငယ်! တီငယ်ပြောတာကြားလား"
"ကြားတယ် ကြားတယ်"
"ပြီးတာပဲ သစ်မေ ငါအပြင်သွားဦးမယ် နေ့လည်မှပြန်နော် ငါ ခဏပဲပြန်ခဲ့မယ်"
"ရတယ် သူငယ်ချင်း"
တီငယ်ထွက်သွားတော့ ကိုးငယ်လည်း ခြေထောက်ကို ချိတ်ထိုင်လိုက်သည်။
ထိုအမျိုးသမီးကလည်း ခြေချိတ်ကာ လျှောထိုင်နေရာက မတ်လိုက်သည်။မသိရင် ကမ္ဘာ့ရန်သူတွေ တွေ့နေသလိုပင်။
ဘေးပတ်ဝန်းကျင်မှ လေထုကတော့ ကြက်သီးထဖွယ်အေးဆက်နေသည်။ဒူးထိရောက်တဲ့ ဂျင်းစကတ်ကို တီရှပ်အဖြူနဲ့ဝတ်ထားတဲ့ ကိုကိုးငယ်ဆိုသည့် ကလေးမက ခြေချိတ်လိုက်တော့ တကယ့်ကို မာန်ပါသည့် ကျားငယ်လေးလိုပင်။
"တို့က မင်းထက်ကြီးတယ် မင်းတီငယ်ရဲ့ သူငယ်ချင်း လူကြီးတစ်ယောက်ရှေ့မှာ ခြေချိတ်ထိုင်တာ ယဉ်ကျေးတာမျိုးမဟုတ်ပူးဆိုတာ မင်းသိသင့်တယ်"