2

1.9K 172 1
                                    


“gem အိပ်ယထတော့ ......
ကျောင်းသွားရတော့မယ်လို့ အဒေါ်nimက ပြောခိုင်းလိုက်တယ် ”

fourth အိပ်ယာပေါ်က စောင်နဲ့လုံးနေတဲ့  gem gemရဲ့ ကိုယ်လေးကို လှုပ်နှိုးတော့ gem gemက သဘောမကျသည့် အမူအရာဖြင့် တစ်ဖက်ကို စောင်းကာလှည့်သွားသည်။ ထို့နောက်တုပ်တုပ်မျှ မလှုပ်ပါဘဲ အိမ်မက်ကမ္ဘာထဲ အလည်၀င်နေပြန်သည်

gem gemက အိပ်ယာထတာ တစ်အိမ်လုံးမှာ
အနောက်ကျ ဆုံးဖြစ်ပြီး တော်ရုံနှိုးတာ မျိုးဖြင့် မနိုး။

တစ်နေ့တာလုံးမှာ fourthလေးရဲ့ အလုပ်က gem gem ကို အိပ်ယာနှိုးတာ ကနေစပြီး gem gem ဝေယျာ၀စ္စ လက်တိုလက်တောင်းခိုင်းတာမှန်သမျှ အကုန်လုပ်ပေးရသည် ။

fourthက ငယ်သေးတဲ့အတွက် အပြင်အလုပ်တွေလည်း မလုပ်နိုင်တာကြောင့် အဒေါ် nimက gem gemအတွက်လည်း အပျင်းပြေအောင် အတူနေခိုင်းလေ့ရှိသည်။

gem gemမိဘတွေကတော့ လုပ်ငန်းခွင်မှာ အောင်မြင်နေသူတွေပီပီ အလုပ်နဲ့သိပ်မအားနိုင်ဘဲ အိမ်မှာလည်း အချိန်ပြည့်မရှိနိုင်ကြ။

တခါတလေတော့ gem gem အတွက်လည်း အချိန်ပေးရင်း အပြင်မှာမိသားစုdateဖြင့်အချိန်တွေကုန်ဆုံးတတ်ကြသည်။
ထိုအချိန်မျိုးတွင်တော့ fourthက အိမ်မှာ သူသဘောမကျတဲ့ လူကြီးတွေနဲ့ ကျန်ရစ်ခဲ့ရသည်။

အဒေါ်nimရယ် ကားဒရိုင်ဘာ ဦးလေးရယ် မိန်းကလေးအဖော်နှစ်ယောက်လည်း gem gem တို့ ခြံ၀န်းထဲမှာ နေရာပေးထားသေးသည်။

fourthကိုတော့  gem မိဘတွေက မွေးစားထားခဲ့တာမလို့ အိမ်ကြီးထဲက စတိုခန်းလေးဘေးမှာ အခန်းတစ်ခုနဲ့ နေရာလေး ပေးထားသည်။
gem gem ကလည်း ထိုနေရာကျဉ်းလေးကို လာလည်လေ့ရှိပြီး သဘောကျသည်

gemကတော့ အားတဲ့အချိန်တိုင်း ဆော့နေတာထက် အသက်ကြီးလာရင်ရည်မှန်းချက်က ကျောင်းဆရာဖြစ်နိုင်သည်ဟု ထင်ရလောက်အောင်
fourthကို စာသင်ပေးချင်နေတာပင်

fourthက စာသင်ဖို့ဆို အကြောင်းပြချက်မျိုးစုံရှာပြီး တိမ်းရှောင်လေ့ရှိသည် ။

သိုပေမယ့် gemရဲ့ဘက်မှာ အဒေါ်nim လို မဟာတံတိုင်းကြီးရှိနေတော့ မသင်ချင်လည်း မျက်ရည်တ၀က် ဖြင့် သင်ရသည်။

blind for love [Completed]Where stories live. Discover now