12

1.2K 127 3
                                    

"ရော့ Gemအတွက်

Geminiထိုင်ခုံခါးပတ်ပတ်နေရင်းFourth လက်ထဲမှ လက်ဆောင် ဗူးလေးအား ‌မှင်သက်နေမိသလို ကြည့်နေမိသည်။

"ကိုယ့်အတွက်လား

ပြီးတော့ သူ့မျက်နှာကို လက်ညှိုးဖြင့်ညွှန်ကာ အတည်ပြုမေးလိုက်သေးသည်။

"အင်း ....ဟုတ်တယ်
Gemအတွက် မွေးနေ့လက်ဆောင်

မှတ်မိသလောက်ဆိုရင် ဒီနှစ်ကFourthဆီက ပထမဆုံး မွေးနေ့လက်ဆောင် ရဖူးတာပင် ။

Geminiဖွင့်ကြည့်လိုက်တော့ ဒင်္ဂါးပြားစေ့သဏ္ဍန် အဝိုင်းလေးပေါ်မှာDolphinပုံစံထွင်းထားတဲ့ လော့ကတ်လေးနဲ့ ဆွဲကြိုးလေး

" ကလေးဆန်တယ်ဆိုပြီး မငြင်းရဘူးနော်
ကျွန်တော်က Gemနဲ့လိုက်မယ်ထင်လို့ သေချာလေး ရွေးထားတာ

"ကိုယ်သဘောကျပါတယ် ဘာလို့ငြင်းရမှာလဲ .... Fourthရဲ့

Geminiက ပစ္စည်လေးကို အမြတ်တနိုးကိုင်တွယ်ထားတာကြောင့် Fourthချစ်ရသူကိုကြည့်ပြီး ပြုံးလိုက်မိသည်

"ကိုယ့်ကို လည်ပင်းမှာဆွဲပေးမလား

Gemini ရဲ့ တိုးညှင်းစွာအမေးကိုFourth ခေါင်းငြိမ့်ကာ တုံ့ပြန်လိုက်သည်။

ချစ်ရသူရဲ့ အနောက်ဘက် လည်တိုင်ရှည်ရှည်တွေဆီမှာ ချိတ်လေးကို တပ်လိုက်ပြီး လော့ကတ်လေးကို အတည့်ဖြစ်အောင်Fourth ဆွဲပေးလိုက်သည် ။

"ချစ်တယ် အများကြီး "

သူ့ကိုယ်ပေါ်က မခွာသေးတဲ့ FourthကိုGemini အလွတ်မပေးဘဲ ခပ်တင်းတင်းဖက်ထားလိုက်သည်။

"မွေးနေ့မှာပျော်ရွှင်ပါစေ Gem

Fourthရဲ့ပခုံးပေါ် Geminiခေါင်းကိုမှေးတင်ထားကာ ခေါင်းငြိမ့်နေသည်

"ပြီးတော့ ဒီနေ့ပျော်ခဲ့ရတယ်
နောက်ကိုလည်း Gemနဲ့တူတူသွားချင်သေးတယ်

"အင်း ....Fourthသွားချင်တာမှန်သမျှ ကိုယ်အကုန်လိုက်ပို့ပေးမယ်

Fourth ကို ဖက်ထားရာကနေ ခဏတာခွာလိုက်ပြီး နဖူးလေးကို ယုယုယယဖြင့် နမ်းလိုက်သည်။

ဒီအချိန်လေးတွေကိုသာ တစ်ဘ၀လုံးစာအတွက် ရပ်တန့်ထားလိုက်ချင်မိတော့သည်။

blind for love [Completed]Hikayelerin yaşadığı yer. Şimdi keşfedin