13

1.1K 134 5
                                    

" ဘာလို့လာထိုင်နေတာလဲ "
ညဘက်ကြီးရေကူးကန် ဘောင်ပေါ်မှာ ထိုင်နေတဲ့ကောင်လေးကြောင့် Geminiဆူလိုက်သည်။
ပြီးတော့ လေကလည်း အေးနေသေး။

Geminiကတော့ cardigan အရှည်လေးထပ်ပြီး လက်တ်ဖက်က ဘောင်းဘီ အိပ်ထဲထည့်ထားကာ ဘေးမှာ ရပ်နေသည်။

"ကျွန်တော် ဘယ်ကျောင်းကို ရွေးရမလဲ
စဉ်းစားကြည့်နေတာ

"ကိုယ့်ကိုကျတော့ဘာလို့မပြောတာလဲ
တစ်ယောက်ထဲပဲ တွေးနေရလား

"Gemကို မမေးခင် တစ်ယောက်ထဲ ပဲ စဉ်းစားချင်လို့ "

"သိပါတယ် မင်းက ကိုယ့်မှ အားမကိုးချင်တာ

"အဲ့လိုလဲ မဟုတ်ပါဘူး Gemရဲ့
သေချာလေး ကျွန်တော့ အနာဂတ်ကိုစဉ်းစားကြည့်ချင်လို့

"ထားလိုက်ပါတော့ မင်းအ‌ဖြေရသွားရင် ကိုယ့်ကို တိုင်ပင်လေ
ဘာပဲပြောပြော ကိုယ်က မင်းအထက်က စီနီယာပဲဟာ

"ဟုတ်...Gem

"ဒါနဲ့ ကိုယ်မနက်ဖြန်ညနေ ဘိုးဘွားတွေဆီသွားလည်မလို့

"မြန်လိုက်တာ အရင်ကဆို အန်တီကတစ်လကြိုလောက်ထဲက စီစဉ်နေတာကို

"ဟုတ်တယ် ...
အဲ့တာကြောင့် ကိုယ့်စိတ်ထဲလည်း ဘ၀င်မကျသလိုပဲ

"Gemကလည်း ဘာဘ၀င်မကျစရာရှိလဲ
ကိုယ့်ဘိုးဘွားတွေဆီ သွားရမှာပဲဟာ

"ကိုယ်တော့ မင်းကိုလွမ်းနေရဦးမယ်ထင်တယ်

"လေး ငါးရက်လောက်လေးကို ၊ ပိုနေပြန်ပြီ

"fourthကရော ကိုယ့်ကိုမလွမ်းဘူးပေါ့ ဒါဆို

"မလွမ်းပါဘူး ..သတိရရင် ဖုန်ဆက်လိုက်မယ်

"ဒီလောက်ဆိုရင် ကိုယ်မင်္သကာတော့ဘူး
မင်းဖောက်ပြန်နေတာမလား Fourth

Gemini နောက်ပြောင်ရင်း Fourth ရဲ့ ခါးကိုထိလိုက်တော့ ကောင်လေးက သူ့လက်ကို ဖမ်းချုပ်ရင်း တွန့်သွားသည်။

"ယားတယ် လို့ .....

သူ့ရဲ့ လက်နှစ်ဖက်နဲ့ ကောင်လေးပခုံးနဲ့ ခန္ဓာကိုယ်တစ်ခုလုံး ရင်ခွင်ထဲမှာ ဆွဲသွင်းထားလိုက်သည်။

"ပြောလေ ....ကိုယ်မေးတာ

Fourth ဆက်မပြောဘဲ နီးကပ်နေတဲ့Gemပါးကိုသာ ရွှတ်ခနဲနမ်းလိုက်တယ်

blind for love [Completed]Where stories live. Discover now