15

1.2K 134 4
                                    

"Mark .. ကားခဏ ရပ်ပေး"

သူ့‌ကျောကိုပုက်ကာ ကားကို ရုတ်တရက်ကြီးရပ်ခိုင်းနေသောGeminiကြောင့် Markကားကို လမ်းဘေးသို့ချရပ်ခဲ့ရသည်။

"ဘာဖြစ်တာလဲ မင်း "

"ဟိုမှာFourthထင်တယ်

Markကို မစောင့်ဘဲGemini ဟာ ပြေးဆင်းသွားသည်။ Markလည်းနောက်ကလိုက်သွားခဲ့ပေမယ့် လူမှားသည့်ထိုကောင်လေးကလည်း Fourth မဟုတ်ခဲ့

ကောင်လေးရဲ့ နောက်ကျောပုံစံဟာ Fourth နဲ့ဆင်တူလွန်းသည်။
Geminiစိတ်ပျက်လက်ပျက်နဲ့သာ Markဆီကို ပြန်ရောက်လာတော့တယ်

"မင်းFourthက UKမှာလေကွာ

ခေါင်းငိုက်စိုက်ကာ ပြန်လာတဲ့သူငယ်ချင်းကို Mark နှစ်သိမ့်လိုက်ရသည်။

အခုတလောGeminiဟာ အရင်ကလိုတတ်ကြွနေတဲ့ လူငယ်လေးမဟုတ်ဘဲ နေ့တိုင်းလိုလို ငူငူငိုင်ငိုင်နဲ့ပင်။
အိမ်ကိုလည်းအချိန်မှန်မပြန်ဘဲ သူငယ်ချင်းတွေနဲ့သာ အချိန်ဖြုန်းတော့တယ်

ချစ်သူကို တွေ့ခွင့်လည်းမရ။
ဆက်သွယ်လို့လည်း မရ။
Markကိုယ်တိုင်လည်း အချစ်နဲ့မကင်းသူမို့ သူငယ်ချင်းဖြစ်သူကို ကိုယ်ချင်းစာသည်

"ငါFourth ကို သတိရတယ်ကွာ"

အမြဲတမ်း တတ်ကြွနေတဲ့ပုံရိပ်ကောင်းကို ပြသခဲ့တဲ့Gemini ဟာ
ကောင်လေးတစ်ယောက်ကိုFourthနဲ့ လူမှားပြီးမှာတော့ ကားပေါ်မှာ ငိုကြွေးနေခဲ့သည်။

"ငါသိပါတယ် သူငယ်ချင်းရာ
ငါတို့Fourthကို မရရအောင် လိုက်ရှာပေးမယ်နော် ဟုတ်ပြီလား
စိတ်မပျက်ပါနဲ့"

............

"Gemini နင် သောက်တာ အရမ်းများနေပြီ

ယောင်္ကျားလေးသူငယ်ချင်းတွေက Gemini အရက်မမူးမချင်း သောက်နေတာကိူ ဘာမှ၀င်မတားပေမဲ့ Marikaကတော့ တားလိုက်သည်။

ခုံပေါ်မှာလည်း Geminiတစ်ယောက်ထဲလိုလို သောက်လိုက်သောအရက်ပုလင်းခွံ‌ေတွေပုံလို့ပင်

"မတားနဲ့ဟာ ....ငါဒီတစ်ညလောက်ဖြစ်ဖြစ် Fourthကို မေ့ပြီး အိပ်ချင်လို့
ငါရင်တွေအရမ်းနာကျင်နေတာ မခံစားနိုင်တော့ဘူး

blind for love [Completed]Where stories live. Discover now