8

1.4K 147 3
                                    

ကျောင်းကပြန်ဖို့ ကားပါကင်နားမှာfourth  ရပ်နေတုန်းLine massageကနေတစ်ဆင့် noti တတ်လာခဲ့သည်။
နဂိုထဲက ကားပါကင်မှာ တစ်ယောက်ထဲယောင်လည်လည်ရပ်နေရတာကြောင့် ဖုန်းကmassageကို မျက်မှောင်ကြုံ့ပြီး ဖွင့်ကြည့်လိုက်တယ်

💬 ကိုယ်ဒီနေ့ကျောင်းကသူငယ်ချင်းတွေနဲ့ အရေးတကြီးprojectတစ်ခုလုပ်စရာရှိလို့ Busနဲ့ပဲ ပြန်လိုက်နော်

Geminiဆီက စာဖြစ်သည်...
Fourthဖုန်းကို ပိတ်ပြီး အိတ်ထဲပြန်ထည့်လိုက်တယ်

Busနဲ့ပြန်ရမယ်ဆိုတော့လည်း ဒီနေရာကနေ ကျောင်းပြင်ကို ထွက်ရုံပဲပေါ့

မနက်ကသူငြင်းတာကိုGem စိတ်ဆိုးနေတာများလား.....
Gemစိတ်ဆ်ိုးလို့ လာကြိုဖို့ ရှောင်တာလားတိုပြီး fourthတွေးလိုက်မိ‌ေသးသည်
ဒါပေမဲ့ Gemဟာ ကလေးမဆန်တတ်တာကိုတေ့ာ သူကောင်းကောင်းသိထားတယ်

15မိနစ်လောက်Busကားကို စောင့်ပြီးတဲ့အခါမှာတော့ Busက မှတ်တိုင်ကိုရောက်လာခဲ့သည်။

Fourthလည်း တစ်ခြားကျောင်းသားတွေနည်းတူ
Busရဲ့ ထိုင်ခုံအလွတ်တစ်ခုမှာ ၀င်ထိုင်ရင်း အိမ်ကိုပြန်ခဲ့တယ်
အိမ်စီးကားတွေကိုကြောက်တယ်ဆိုပေမယ့်  Gemကားနဲ့ဆိုရင် fourthအတွက်လုံခြုံသလို အမြဲခံစားရတာပင်။

မိသားစုကြောင့်ရခဲ့တဲ့ traumaတွေကိုလည်းGemကပဲfourthဆီမှာ ပျောက်ကင်းအောင်လုပ်ပေးခဲ့တာ
သူ့အတွက် အားကိုးအားထားရဆုံးကလည်းGemဖြစ်သလို Gemမပါတဲ့လမ်းတွေကို တစ်ယောက်ထဲလဲfourth ရင်မဆိုင်ရဲပါ။

Gemရဲ့အထိအတွေ့‌တွေကို သူ့နှလုံးသားကသဘောကျပေမဲ့ ဦးနှောက်ကတော့Gemရှေ့မှာဆို ငြင်းဆန်မိနေတယ်
အဲ့ဒါကရှက်တာမျိုးလဲ ဖြစ်နိုင်တယ်
ကြာလာရင်Gemစိတ်ကုန်သွားမှာကိုလည်းစိုးရိမ်ရပြန်သည်

သူ့ဘ၀က Gem ရှိနေတာကြောင့် ခိုလှုံခွင့်ကောင်းကောင်းရနေခဲ့တာမို့လို့

++++++++++++++++

စာမေးပွဲဖြေဖို့နီးကပ်နေတာကြောင့်ပဲ အဒေါ်nimက သူ့အတွက်စာလုပ်ချိန်ရအောင် အလုပ်တွေအနားပေးထားတယ်
fourth အလုပ်ကလည်းအရမ်းကြီးမများတော့ ကျန်တဲ့ အိမ်အကူတွေက တာ၀န်ယူကာ လုပ်ပေးနိုင်ကြသည်

blind for love [Completed]Where stories live. Discover now